ရွေးကောက်ပွဲရန်ပုံငွေ ဥပဒေချိုးဖောက်မှုနဲ့ပတ်သက်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ပြည်သူတွေကို ဒီဇင်ဘာ ၂၄ ရက်မှာ ဝန်ချတောင်းပန်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ဟောင်း အာဘေးက "အဲဒီကိစ္စကို သူမသိခဲ့ပေမဲ့ သူ့မှာ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ အဲဒီအတွက် နောင်တရမိပြီး ပြည်သူတွေကို အနူးအညွတ် တောင်းပန်ပါတယ်"လို့ ပြောပါတယ်။
ထောက်ခံသူတွေအတွက် လုပ်ပေးတဲ့ ညစာစား ပွဲကုန်ကျစရိတ်တွေကို အာဘေးရဲ့ရုံးက ကူညီပံ့ပိုးခဲ့တယ်ဆိုတဲ့ သံသယနဲ့ အာဘေးဟာ ဝေဖန်ခံနေရပါတယ်။
ဒါက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ဖွယ်ရှိပြီး မနှစ်က ပါလီမန်မှာ မေးခွန်းထုတ်ခဲ့ရာမှာ တော့ အာဘေးက ငြင်းဆိုခဲ့ပါတယ်။
အာဘေးရဲ့အတွင်းရေးမှူး ဟီရိုယူကီ-ဟာကီကာဝါအပေါ် စွဲဆိုတဲ့ စွဲချက်ကို တိုကျိုအစိုးရ ရှေ့နေတွေက ဒီဇင်ဘာ ၂၄ ရက်မှာ တင်သွင်းခဲ့ပေမဲ့ အာဘေးအပေါ် စွဲချက်တင်ဖို့ မဆုံးဖြတ်ခဲ့ဘူး လို့ ပြည်တွင်းမီဒီယာတွေက ဆိုပါတယ်။
အာဘေးကို မေးမြန်းဖို့ ပါလီမန်က ဒီဇင်ဘာ ၂၅ ရက်မှာ ဆင့်ခေါ်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago