ရွေးကောက်ပွဲနေ့

November 8, 2020

ရွေးကောက်ပွဲနေ့ မန္တလေးတွင် NO VOTE ကမ်ပိန်းပြုလုပ်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့ ဒီနေ့မနက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၃ လမ်းပေါ်မှာ NO VOTE ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သပိတ်မှောက်ထားတယ်ဆိုတာကို  သက်သေပြတာပဲ။ အဲ့ဒီအခြေခံဥပဒေက ထွက်ပေါ်လာတဲ့ ဘယ်ရွေးကောက်ပွဲကိုမှ အယုံအကြည်မရှိဘူး” လို့   ကမ်ပိန်း ပြုလုပ်သူက ပြောပါတယ်။ Photo - Kaung Zaw Hein / MPA
2 years Ago

ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခဲ့ကြသည့် ရုပ်ရှင်၊ ဂီတအနုပညာရှင်တချို့(ဓာတ်ပုံ)

ဒီကနေ့ကတော့ မြန်မာနိုင်ငံသားအားလုံးအတွက် အရေးပါတဲ့ နေ့တနေ့ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲပေးရမယ့် နေ့တနေ့ ဖြစ်ပြီး တနိုင်ငံလုံး ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း မဲရုံတွေကို တာဝန်သိသိ သွားရောက်မဲ ထည့်ခဲ့ကြတာကို တွေ့ရပါတယ်။ မဲရုံတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး တက်ကြွတဲ့ ပြည်သူတွေက မနက် ၅ နာရီလောက်ကတည်းက စောစောထ မဲပေးခဲ့ကြတာကိုလည်း တွေ့ရပြီး သူတို့ထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း ပါဝင်နေတာပါ။ သရုပ်ဆောင် ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ “နိုင်တဲ့မဲတွေထဲက တမဲလေးဟာ ကိုယ့်မဲ ဖြစ်ဖို့ မနက်၅နာရီကတည်းကတန်းစီ မဲပေးခဲ့ပါသည်👍👍👍 ဒါပဲ 😎 ဦးနှောက်ကိုရော နှလုံးသားကိုရောမေးလို့ကတော့ အဖြေက တစ်ခုတည်းမို့လေ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအချစ်တော် သရုပ်ဆောင် ဒေါင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ“တို့လက်နဲ့ရွေးချယ်၊ မဲပေးမယ် #comment မှာ လက်သန်းလေးတွေပြကြမယ်”လို့ ရေးသားမျှဝေလာခဲ့တာပါ။ အဆိုတော် ပိုပိုကတော့ သရုပ်ဆောင် အလင်းရောင်နဲ့အတူ မဲပေးခဲ့တဲ့ ပုံတွေနဲ့အ တူ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခုလိုရေးသားပြီး ပရိသတ်တွေကို ကျီစယ်ပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “I Voted ️ မဲပေးပြီးပါပြီ… နိုင်ငံသား တယောက်ရဲ့ တာဝန်ကျေပါပြီရှင်… ဪ… ရွေးကောက်ပွဲမှာလဲ ဖူးစာ ဆုံခဲ့ပါပြီ… ရွေး ကောက်ပွဲ ဖူးစာပေါ့ 🙄️#popo #Myanmarelection2020” အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး အမှတ်တရဓာတ်ပုံတချို့ကို မျှဝေထားခဲ့တာပါ။ “တာဝန်ကျေခဲ့ကြောင်း၊ ခိုင်လုံမှတ်တမ်း😂😂😂️ ကြည်ဖြူသျှင် ၈ - ၁၁ - ၂၀၂၀”        မြန်မာအိုင်ဒေါစတားဆုရှင် အဆိုတော် ဖြိုးမြတ်အောင်ကတော့ “မင်္ဂလာရှိသော နံနက်ခင်းလေးပါ… ကျန်းမာချမ်းသာကြပါစေ🙏🙏🙏️… တာဝန်ကျေခဲ့ပြီ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့”လို့ ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားပြီး မဲပေးပြီးကြောင်း မျှ ဝေလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ၂ လက်ဖြစ်ကြတဲ့ လူမင်းနဲ့ ရာဇာနေဝင်းတို့ရဲ့ မဲပေးမှုပုံရိပ်တွေကိုတော့ လူမင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ “8.11.2020 သမိုင်းပေးတာဝန်ကျေခဲ့ပြီ”လို့ ရေးသားပြီး မျှဝေထားခဲ့တာပါ။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မြန်မာကေပေါ့ပ်အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဝီလျှံကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေး သားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “ကိုယ်ချစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံသားတိုင်း မဖြစ် မနေ ပြုလုပ်သင့်တဲ့ တာဝန်တစ်ခုကို ကျွန်တော်ကတော့ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးပြီ ️🇲🇲 သင်ရော...? #VoteMM #Vote2020 #WilliamTun” စူစူလို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုကလည်း “မဲပေးခဲ့ ပြီးပြီ #suusuu”လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေ ထားခဲ့ပါတယ်။ ပရိသတ်အချစ်တော် နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးကတော့ သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့ တာပါ။ “🌞နံနက်ခင်းအလင်းရောင်​တွေနဲ့အတူ အနာဂတ်နေ့ရက်များ​တောက်ပဖို့ အသဲကြားက​မဲတပြား📮အတွက် ...​နေတိုး” မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကလည်း မိ ခင်ဖြစ်တဲ့ အဆိုတော် အိအိ၊ အစ်ကိုဖြစ်သူတို့နဲ့ သွားရောက်မဲပေးခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံနဲ့အတူ “We VOTED ️”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေလာခဲ့တာပါ။ နာမည်ကြီး မိတ်ကပ်ပညာရှင် အလှဖန်တီးရှင်တယောက်ဖြစ်တဲ့ ခင်စန်းဝင်းက တော့ “မနက် ၅ နာရီထ ၆ နာရီအရောက်သွားပြီး မဲပေးခဲ့ပြီ… နိုင်ငံသားတယောက်အ နေနဲ့တာဝန်ကျေခဲ့ပါပြီ”လို့ ရေးသားပြီး ဖေ့ဘွတ်ခ်ပေါ်မှာ မဲပေးမှုအမှတ်တရ ဓာတ်ပုံ တွေ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီး အေး ဝတ်ရည်သောင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ “Hoping For Justice #vote2020”လို့ ရေးသားပြီး မိသားစုနဲ့ မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
2 years Ago

October 27, 2020

ရွေးကောက်ပွဲနေ့၌ ပြည်သူများစိတ်လုံခြုံစွာ မဲပေးနိုင်မည့်အခြေအနေရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော  

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေရှိပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရွေးကောက်ပွဲက ၂ ပတ် တောင် မလိုတော့ဘဲ ပြင်ဆင်သင့်တာတွေ အားလုံး ပြင်ဆင်ထား ပြီးပြီလို့  အောက်တိုဘာ ၂၆ ရက်ညက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ပြည်သူကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။ တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာပြီး နိုင်ငံနဲ့ ကိုက်ညီမယ့် အကောင်းဆုံးပုံစံကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံရဲ့ လိုအပ်ချက်နဲ့၊ ကျမတို့နိုင်ငံရဲ့ အရင်းအမြစ်ရှိတဲ့ အတိုင်းအတာနဲ့ဆိုရင် ဘယ်လိုပုံစံနဲ့ လုပ်ရမလဲဆိုတာ သေသေချာချာ စဉ်းစားပြီးတော့ လုပ်တာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေ ရှိပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ မဲပေးဖို့လည်း တိုက်တွန်းပါတယ်။ ဒါဟာ ကျမ ထပ်တလဲလဲပြောသလို နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်လည်းဖြစ်ပါတယ်။ အခွင့်အရေးလည်း ဖြစ်ပါတယ်။ အောင်နိုင်ဖို့ဆိုတာဟာ ရွေးကောက်ပွဲလည်း အောင်အောင်မြင်မြင်ကျင်းပနိုင်ရမယ်။ နောက်ပြီးတော့ ကိုဗစ်ရောဂါကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ရမှာပါ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေကို တရုတ်နိုင်ငံ ကနေ လေကြောင်းခရီးနဲ့ ရောက်လာနေပြီး တတိုင်းပြည်လုံးကို လိုအပ်တဲ့နေရာတွေကို ပြည့်ပြည့်စုံစုံ ဖြန့်ချိပေးဖို့လည်း စီစဉ်ထားတယ်လို့ ပြောပါတယ်။ ကိုဗစ်ကြောင့် ဘယ်နေရာမှာမှ ဆန်မရှားပါးအောင် လုပ်ဆောင်ထားပြီး နိုင်ငံရဲ့ အခြေအနေ ကို ဆိုးဆိုးရွားရွားကြီး မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းထားတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တချို့အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အခြေအနေဟာ ကောင်းတယ်လို့ သူက ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ၂၀၁၆ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက် ဘယ်လောက်အဆင့်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရအောင်လုပ်မယ်ဆိုပြီးတော့ ရည်ရွယ်တဲ့ စီမံကိန်းတွေချထားတာ ကိန်းဂဏန်းနဲ့ဆိုရင် အခု ဒီနှစ်မှာဆိုရင် ၉၈ ရာခိုင်နှုန်းပြည့်စုံပါတယ်။ ဒီလို ကိုဗစ်ရောဂါ ဖြစ်တာတောင်မှ ကျမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့စာရင် ၂ ရာခိုင်နှုန်းပဲ လျော့တယ်လို့ ပြောလို့ရပါတယ်။ အဲဒါကိုပိုပြီးတော့ အကောင်းဘက်က ကြည့်မယ်ဆိုရင် နောက် ၂ လတောင် ကျန်သေးတယ်။ နောက် ၂ လအတွင်းမှာ ဒီ ၂ ရာခိုင်နှုန်းလည်း ပြည့်ချင်ပြည့်သွား နိုင်တာပေါ့။ မပြည့်ဘူးဆိုရင်တောင် ဒီလိုအချိန်မျိုးမှာ ၉၈ ရာခိုင်နှုန်းအထိ အောင်မြင်တယ်ဆိုတာ အခြေအနေကို ထိန်းသိမ်းတဲ့ နေရာမှာ မဆိုးဘူးလို့ပြောရမှာပါ” လို့ ဆိုပါတယ်။ ဒါ့အပြင် မကြာခင်ရောက်လာမယ့် သီတင်းကျွတ်ကာလမှာလည်း လူစု လူဝေးမဖြစ်ဘဲ၊ ကိုဗစ်ရောဂါ အန္တရာယ်ကို မပြန့်ပွားစေဘဲ ကုသိုလ်လည်းရအောင်၊ စိတ်လည်းအေးချမ်းရအောင် ဘယ်လိုဆင်နွှဲကြမယ်ဆိုတာ အခုကတည်းက စဉ်းစားထားကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။  ဓာတ်ပုံ- State Counsellor
2 years Ago
Up