ရွေးကောက်ပွဲစွက်ဖက်မှု

September 11, 2021

ရွေးကောက်ပွဲစွက်ဖက်မှုဖြေရှင်းရန် အမေရိကန်သံအမတ်ကို ရုရှားနိုင်ငံခြားရေး ဆင့်ခေါ်

စက်တင်ဘာလ လွှတ်တော်ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေးယေ့ဘ်ကို့ဗ်နဲ့တွေ့ဆုံဖို့ အမေရိကန် သံအမတ် ဂျွန်ဆော်လီဗန်ကို ဆင့်ခေါ်ထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။ 

အမေရိကန်နိုင်ငံအခြေစိုက်နည်းပညာကုမ္ပဏီကြီးတွေဟာ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် ရုရှားဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ မငြင်းနိုင်တဲ့သက်သေ ရုရှားမှာ ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ပြောပါတယ်။ 

ဘယ်ကုမ္ပဏီတွေက ဘယ်လိုချိုးဖောက်မှုတွေ လုပ်တယ်ဆိုတာကိုတော့ တိတိကျကျ မပြောထားပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်နေတဲ့ ရုရှားသတင်းထောက်တွေအတွက် အသိ အမှတ်ပြုခြင်းနဲ့ပတ်သက်တဲ့ အရေးကိစ္စမှာ အမေရိကန်သံအမတ်ကို ဆင့်ခေါ်ထားတာ ဖြစ်တယ်လို့ ရုရှားသတင်းဌာနတွေက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ 

မှတ်ချက်ပေးဖို့ တောင်းဆိုမှုအတွက် ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က ချက်ချင်း အကြောင်းမပြန်သေးပါဘူး။ 

2 years Ago
Up