ရွေးကောက်ခံသမ္မတ

June 17, 2020

စစ်တပ်အနေဖြင့် ရွေးကောက်ခံသမ္မတကို ဖယ်ရှားမည်မဟုတ်ဟု ဘရာဇီးသမ္မတ ပြော

ဘရာဇီး စစ်တပ်အနေနဲ့ ရွေးကောက်ခံသမ္မတကို ဖယ်ရှားဖို့ ဘယ်အမိန့်ကိုမှ လိုက်နာမှာ မဟုတ်ဘူးလို့ သမ္မတ ဘော်ဆိုနာရိုက  ဇွန် ၁၅ ရက်က ပြောကြားလိုက်ပါတယ်။  ဘော်ဆိုနာရိုရဲ့ ဒီမှတ်ချက်ဟာ ဇွန် ၁၂ ရက်နေ့က ဒုသမ္မတ မော်ရိုနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်း ဖြစ်ပြီး၊ ဒါဟာ သမ္မတနဲ့ ဘရာဇီး တရားလွှတ်တော်ချုပ်တို့ကြား အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကို  ညွှန်းဆိုပါတယ်။  တရားလွှတ်တော်ချုပ်က ဘော်ဆိုနာရိုဟာ ဖက်ဒရယ်ရဲတပ်ဖွဲ့ရာထူး ခန့်အပ်မှုတွေကို တရားမဝင် ဝင်ရောက်စွက်ဖက်ခဲ့သလား ဆိုတာ စစ်ဆေးနေပါတယ်။ ဒါ့အပြင် ဘော်ဆိုနာရိုကို ထောက်ခံတဲ့ မမှန်သတင်းလွှင့်မှုတွေ လူမှုမီဒီယာမှာ လုပ်ဆောင်နေတာတွေကိုလည်း စုံစမ်းနေပါတယ်။ ဘော်ဆိုနာရိုဟာ လက်ရှိမှာ ကွန်ဂရတ်လွှတ်တော်တွင်း ရာထူးမှ ထုတ်ပယ်ပစ်ဖို့ အဆိုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။  ဒါတွေအားလုံးဟာ ဘရာဇီးက ကမ္ဘာ့နံပါတ်နှစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း အမြင့်ဆုံး ဖြစ်လာချိန်နဲ့ သေဆုံးသူ ၄၄,၀၀၀ ကျော်နီးပါးရှိချိန်မှာ ဖြစ်လာတာလို့ ရိုက်တာက ဖော်ပြထားပါတယ်။
1 year Ago
Up