ရှိရင်းစွဲအသက်ထက် ပိုမိုရင့်ရော်နေသည့် ၁၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသား

A d v e r t i s e m e n t With Us

October 18, 2015

ရှိရင်းစွဲအသက်ထက် ပိုမိုရင့်ရော်နေသည့် ၁၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသား

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က နီဟဲဘစ်တလာဟာ အသက် ၁၄ နှစ်ရှိနေပြီဖြစ်ပေမယ့် ရှားပါးရောဂါတမျိုးကြောင့် ကိုယ်အလေးချိန်ဟာ ၂ စတုံအောက်(၁၂ ဒဿမ ၅ ကီလိုဂရမ်)နဲ့ အရပ်အမြင့် ၄ ပေအောက်(၁ ဒဿမ ၂ မီတာ)သာရှိပါတယ်။ သူဟာ Hutchinson-Gilford Progeria Syndrome (HGPS) အမည်ရတဲ့ မျိုးဗီဇ နဲ့ ဆိုင်တဲ့ ရောဂါတမျိုးကြောင့် ရှိရင်းစွဲအသက်ထက် ၈ နှစ်စာ ပိုမိုရင့်ရော်နေတာလို့ မေးလ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ တခြားသော ၁၄ နှစ်အရွယ်ကလေးတွေလိုပဲ သူဟာ ကွန်ပြူတာဂိမ်းဆော့တာကို နှစ်သက်ပြီး တောက်ပတဲ့မျက်လုံးနဲ့ ဖြူစင်တဲ့ကလေးတယောက်ဖြစ်ပေမယ့် သူ့ခန္ဓာ ကိုယ်ကတော့ အရွယ်ရောက်ပြီးတဲ့ လူကြီးတယောက်လို တွ့န်နေတဲ့အရေခွံ၊ ဆံပင်မရှိတဲ့ ဦးခေါင်းနဲ့ ခြောက်သွေ့တဲ့ ခြေလက်တွေနဲ့ဖြစ်နေတာပါ။ သူ့ဘ၀မှာ အဖြစ်ချင်ဆုံးဆန္ဒ ၃ ခုက ဂျပန်နိုင်ငံ၊ ဟွန်ဒါကုမ္ပဏီကထုတ်လုပ်တဲ့ အက်ဆီမိုရိုဘော့နဲ့တွေ့ဆုံဖို့၊ ကယ်လီဖိုးနီးယားက ဒစ္စနေးဥယျာဉ်ကိုသွားဖို့နဲ့ နောက် ထပ်လျှို့ဝှက်ထားတဲ့ အရာတခုဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူက “အချိန်ဘယ်လောက်ပဲကျန်သည်ဖြစ်စေ ကျနော့်သားအတွက် ခုချက်ချင်းကို ဖြည့်ဆည်းပေးချင်ပါတယ်”လို့ပြောပါတယ်။  
5 years Ago
Up