ရှိကျင့်ပင်

April 29, 2018

တရုတ်-အိန္ဒိယ ဆက်ဆံရေးတည်ငြိမ်ရန် အပြန်အလှန်ယုံကြည်မှုက အခြေခံကျဟု ရှိကျင့်ပင်ပြော

တရုတ်-အိန္ဒိယ ၂ နိုင်ငံ ဆက်ဆံရေး တည်တည်ငြိမ်ငြိမ် တိုးတက်မှုမှာ အပြန်အလှန်ယုံကြည်မှုဟာ အခြေခံ အကျဆုံးဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင်က အိန္ဒိယ၀န်ကြီးချုပ် နရန်ဒြာမိုဒီနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။ သမ္မတ ရှီနဲ့ ၀န်ကြီးချုပ်မိုဒီတို့ဟာ တရုတ်နိုင်ငံအလယ်ပိုင်းက ဝူဟမ်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က တွေ့ခဲ့ကြတာပါ။ သူနဲ့ ၀န်ကြီးချုပ်မိုဒီတို့ဟာ ပြီးခဲ့တဲ့ ၃ နှစ်မှာ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်လို့ အရေးပါတဲ့သဘော တူညီချက် အတော်များများ ရရှိခဲ့ပြီးဖြစ်တယ်။ နှစ်နိုင်ငံဆက်ဆံရေး အရှိန်အဟုန် ကောင်းအောင်လည်း ထိန်းကျောင်းနိုင်ခဲ့ကြတယ်လို့ သမ္မတရှီက ပြောပါတယ်။ တည်ငြိမ် တိုးတက်မှုနဲ့ ကြွယ်ဝမှုရှိတဲ့ ၂၁ ရာစုအာရှကို လက်တွဲတည်ဆောက်ဖို့၊ ကမ္ဘာ့နိုင်ငံရေးမှာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ရပ်တည်မှု ဟန်ချက်ညီ နိုင်ရေးကိုလည်း အိန္ဒိယနဲ့ အတူ ကြိုးပမ်းဖို့ အသင့်ရှိနေတယ်လို့ ရှီက ပြောပါတယ်။ ၀န်ကြီးချုပ်မိုဒီကတော့ အိန္ဒိယဟာ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲပြီး တကမ္ဘာလုံး အကျုံးဝင်မှု၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအပြင် ဒီမိုကရေစီ ထွန်းကားရေးကိုလည်း လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
3 years Ago
Up