ရှားပါးလိပ်ကောင်ရေ ၃၃၀ ကို ကာလာလမ်ပူလေဆိပ်တွင် ဖမ်းမိ

May 15, 2017

ရှားပါးလိပ်ကောင်ရေ ၃၃၀ ကို ကွာလာလမ်ပူလေဆိပ်တွင် ဖမ်းမိ

မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူက နိုင်ငံတကာ လေဆိပ်ထဲမှာ အကောက်ခွန် အရာရှိတွေက မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ရှားပါးလိပ် ကောင်ရေ ၃၃၀ ကို ဒီနေ့ သိမ်းဆည်းရမိပါတယ်။ ဒီလိပ်တွေဟာ မဒါဂက်စကားမြို့ကနေ အိတိဟဒ် လေကြောင်းလိုင်းကိုသုံးပြီး မေလ ၁၄ ရက်နေ့က ရောက်လာတာပါ။ သူတို့ကို ကျောက်တုံးတွေအဖြစ် စာရင်းသွင်းပြီး သယ်လာတာလို့ ကွာလာလမ်ပူလေဆိပ် အကောက်ခွန် ဒု-ညွှန်မှူး အဗ်ဒူ ဝါဟိဒ် စူလောင်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီလိပ်အကောင် ၃၃၀ ဟာ အမေရိကန်ဒေါ်လာ ၂ သိန်း ၇ သောင်း ၇ ထောင်ထိ တန်ကြေးရှိတယ်လို့ သူက ဆက်ပြောပါတယ်။ မလေးရှားနိုင်ငံဟာ မျိုးသုဉ်းပျောက်ကွယ်မယ့်ဘေးကို ရင်ဆိုင်နေရတဲ့ အပင်နဲ့ သတ္တဝါ မျိုးစိတ်တွေကို အာရှက တခြားနိုင်ငံတွေဆီ ကုန်သွယ်ရာမှာ အဓိကကြားခံစခန်းတခုလို ဖြစ်နေပါတယ်။
4 years Ago
Up