ထိုင်ဝမ်နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ ဖောက်စ်ကွန်း (Foxconn) ကုမ္ပဏီက ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီးဖြစ်တဲ့ ရှာ့ပ် (Sharp) ကုမ္ပဏီရဲ့ ၃ ချိုး ၂ ချိုးကို ၀ယ်ယူဖို့ မတ် ၃၀ ရက်နေ့က အပြီးသတ် သဘောတူလိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံနဲ့ အကျပ်အတည်းဖြစ်ပြီး ရုန်းကန်နေရတဲ့ ရှာ့ပ်ကုမ္ပဏီရဲ့ ရှယ်ယာ ၆၆ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်တာပါ။
အက်ပဲလ် (Apple) ကုမ္ပဏီထုတ် အိုင်ဖုန်းအများစုကို တပ်ဆင်ပေးတဲ့ ဖောက်စ်ကွန်းဟာ ရှာ့ပ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ ၂၀၁၂ ခုနှစ်ကတည်းက ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
လာမယ့် ဧပြီလ ၂ ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးမယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။
ရှာ့ပ်ကုမ္ပဏီကို ၁၉၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး သက်တမ်းအရင့်ဆုံး ဂျပန်နည်းပညာကုမ္ပဏီကြီးတခုလည်း ဖြစ်ပါတယ်။
ဒါဟာ ဂျပန်ကုမ္ပဏီကြီးတခုကို နိုင်ငံခြားကုမ္ပဏီကြီးတခုထံ ပထမဆုံး ထုတ်ရောင်းချရတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် နည်းပညာ ဦးဆောင်ကုမ္ပဏီကြီးတွေအဖြစ် ဂုဏ်ယူဖော်ပြကြတဲ့ ကုမ္ပဏီ ၂ ခုလုံးက သမိုင်းဝင် မဟာဗျူဟာမြောက် ပူပေါင်းဆောင်ရွက်ကြမယ်လို့ ပြောဆိုပါတယ်။
5 years Ago