မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်တွင် မြိတ်မြို့နယ် မြို့မ အားကစားကွင်းအတွင်း ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဇာတ်တိုက်လေ့ကျင့်မှုတွေကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် ရွက်ဖျက်တဲထိုးတာ၊ မြေပြင်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်တာ၊ လူနာ သယ်ဆောင်တာ၊ ရှေးဦးပြုစုတာနဲ့ စိုးရိမ်ရတဲ့ လူနာတွေကို ဆေးရုံသို့ ပို့ဆောင်တာကို ဇာတ်တိုက်လေ့ကျင့်တာတွေ စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်အခမ်းအနားသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ရဲသူရိန်ခင်မောင်ရီ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်ရဲတပ်ဖွဲ့မှူးကြီးတင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်မီးသတ်ဦးစီးမှူးတို့ တက်ရောက်ခဲ့ပါတယ်။
သတင်း - ကိုဘိတ် (မြိတ်)
6 years Ago