ရွာအုပ်ချုပ်ရေးမှူး

May 25, 2021

စလင်းမြို့နယ်၌ စစ်ကျွန်ပညာရေးဆန့်ကျင်သည့်ရွာသားများကို ရွာအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာ အ.ထ.က(ခွဲ)မှာ မေ ၂၅ ရက်မနက်ပိုင်းက စစ်ကျွန်ပညာရေးစနစ်အလို မရှိကြောင်း ဆေးသပိတ်နဲ့ စတစ်ကာကပ်သပိတ်ပြုလုပ်သူတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လာရောက်ခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောစိမ့်ရွာအ.ထ.က(ခွဲ)မှာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ်ရှားထားတဲ့ စာတွေကို အုပ်ချုပ်ရေးမှူး ဖိုးရွှေက တွေ့ပြီး နောက်တစ်ခါ ဒီလို လုပ်ရင်ထောင်ချမယ်လို့ ခြိမ်းခြောက်ကာ စလင်းရဲစခန်းကို ဖုန်းဆက်ပြီး သတင်းပေးနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

တောစိမ့်ရွာမှာ မေ ၂၄ ရက်ကစလို့ မြို့ပေါ်က CDM မလုပ်တဲ့ ဆရာ၊ဆရာမတွေ ကျောင်းအပ်စတင်လက်ခံပြီးတော့ စစ်မှုထမ်းဟောင်း မြေး ၁ ယောက်နဲ့ ကြံ့ခိုင်ရေးပါတီဝင်ရဲ့ သား ၁ ယောက် စုစုပေါင်း ၂ ယောက်သာ ကျောင်းလာအပ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

7 months Ago
Up