ရွာသား ၅ ဦး၏ ဈာပန

September 1, 2019

လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးခဲ့ရသည့် ရွာသား ၅ ဦး၏ ဈာပန ကျင်းပ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့အတွင်း သြဂုတ် ၃၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကြား နေအိမ်အတွင်း လက်နက်ကြီးကျရောက်လို့ သေဆုံးခဲ့ရတဲ့ မော်ဟစ်ရွာသား ၅ ဦးရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ သေဆုံးသွားတဲ့ ရွာသား ၅ ဦးထဲမှာ အသက် ၄ လ၊ ၉ နှစ်၊ ၁၄ နှစ်အရွယ် ကလေးသူငယ်တွေနဲ့ ၁၈ နှစ်နဲ့ ၃၄ နှစ်အရွယ် ကလေးမိခင်တွေ ပါဝင်နေပါတယ်။ သြဂုတ် ၁၅ ရက်နေ့က စတင်ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့ တပ်မတော်တို့ကြားက တိုက်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာက သေဆုံးမှုတွေဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ တိုက်​ပွဲ​ကြောင့် စစ်​​ဘေး​ရှောင်​ ပြည်​သူ​တွေ ​ထောင်​နဲ့ချီပြီး ထွက်​​ပြေး တိမ်းရှောင်​​နေရတယ်​လို့ သိရပါတယ်​။ ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်းမှာ သြဂုတ်​လ ၉ ရက်​​နေ့ကစပြီး ​မြောက်​ပိုင်းမဟာမိတ်ဖြစ်​တဲ့ တီအန်အယ်အေ၊ အေအေ၊ အမ်အန်ဒီအေအေတပ်တွေနဲ့ တပ်​မ​တော်​ကြား တိုက်​ပွဲတွေ ဖြစ်​ပွားနေတာပါ။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လက္နက္ႀကီး က်ေရာက္မႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ႐ြာသား ၅ ဦး၏ ဈာပန က်င္းပ ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕အတြင္း ၾသဂုတ္ ၃၁ ရက္ေန႔က ပစ္ခတ္တိုက္ခိုက္မႈေတြၾကား ေနအိမ္အတြင္း လက္နက္ႀကီးက်ေရာက္လို႔ ေသဆုံးခဲ့ရတဲ့ ေမာ္ဟစ္႐ြာသား ၅ ဦးရဲ႕ ဈာပနအခမ္းအနားကို ဒီကေန႔ က်င္းပခဲ့ပါတယ္။ ေသဆုံးသြားတဲ့ ႐ြာသား ၅ ဦးထဲမွာ အသက္ ၄ လ၊ ၉ ႏွစ္၊ ၁၄ ႏွစ္အ႐ြယ္ ကေလးသူငယ္ေတြနဲ႔ ၁၈ ႏွစ္နဲ႔ ၃၄ ႏွစ္အ႐ြယ္ ကေလးမိခင္ေတြ ပါဝင္ေနပါတယ္။ ၾသဂုတ္ ၁၅ ရက္ေန႔က စတင္ၿပီး ေျမာက္ပိုင္းမဟာမိတ္ညီေနာင္ သုံးဖြဲ႕နဲ႔ တပ္မေတာ္တို႔ၾကားက တိုက္ပြဲေတြအတြင္းမွာ အရပ္သားျပည္သူေတြ ထိခိုက္ဒဏ္ရာက ေသဆုံးမႈေတြဟာ ေန႔စဥ္နဲ႔အမွ် ျမင့္တက္လာေနပါတယ္။ တိုက္​ပြဲ​ေၾကာင့္ စစ္​​ေဘး​ေရွာင္​ ျပည္​သူ​ေတြ ​ေထာင္​နဲ႔ခ်ီၿပီး ထြက္​​ေျပး တိမ္းေရွာင္​​ေနရတယ္​လို႔ သိရပါတယ္​။ ရွမ္းျပည္​နယ္​ ​ေျမာက္​ပိုင္းမွာ ၾသဂုတ္​လ ၉ ရက္​​ေန႔ကစၿပီး ​ေျမာက္​ပိုင္းမဟာမိတ္ျဖစ္​တဲ့ တီအန္အယ္ေအ၊ ေအေအ၊ အမ္အန္ဒီေအေအတပ္ေတြနဲ႔ တပ္​မ​ေတာ္​ၾကား တိုက္​ပြဲေတြ ျဖစ္​ပြားေနတာပါ။
2 years Ago
Up