ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး

October 5, 2021

ရေနံချောင်း ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၊ ရပ်ကွက်အုပ်ချုပ်ရေးတဖွဲ့လုံး နုတ်ထွက်

အာဏာသိမ်းစစ်ကောင်စီ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဇာတိဖြစ်တဲ့ မကွေးတိုင်း ရေနံချောင်းမြို့နယ် ရွာသစ်ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမောင်ကို သေနတ်နဲ့အပစ်ခံရပြီး နောက်ပိုင်း အဲဒီရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့ပါတယ်။ 

စစ်ကောင်စီခန့် ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ကိုဟာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ရှစ်မျက်နှာကျောင်းဝန်းအတွင်းက လက်ဖက်ရည်ဆိုင်အသွားမှာ ရေနံချောင်းမြို့ပြပျေက်ကျားအဖွဲ့ရဲ့ သေနတ်နဲ့ပစ်တာ ခံခဲ့ရပြီး မကွေးဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။ 

အဲဒီတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ရောက်ရှိလာပြီး အနီးနားက လူနေအိမ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ရေနံချောင်းမြို့ နယ် ချောင်းခြားရပ်ကွက်အတွင်းမှာရှိနေတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်။

2 weeks Ago
Up