ရွာသစ်ကျေးရွာ

June 18, 2021

အမြင့်မြို့ဟောင်း ရွာသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ငွေနှင့် ပစ္စည်းများယူသွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းနား ရွာသစ်ကျေးရွာကို ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး အိမ်ဆိုင်တဆိုင်ကနေ ငွေနဲ့ပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တပ်က မုံရွာဘက်ကနေ အမြင့်ဘက်ကိုလာတာ။ ရွာထိပ်က ဆိုင်ရှေ့မှာ ကားရပ်ပြီး သေနတ်တွေဖောက်၊ ရွာထဲကိုဝင်ကြတယ်။ လူတွေက ကြောက်လို့ ရှောင်သွားကြရော။ ကားရပ်တဲ့ဆိုင်ကနေ ပိုက်ဆံ ကျပ် ၂ သိန်း၊  စားဆီ ၆ ပုံးနဲ့ ရေနံဆီ ပေပါပုံးတွေ ယူသွားတယ်" လို့ ပြောပါတယ်။

အဲဒီဆိုင်မှာလည်း မွှေနှောက်ဖျက်ဆီးသွားပြီး  စစ်တပ်တွေ အမြင့်မြို့ဟောင်းမှာ လက်ရှိ တပ်စွဲနေတယ်လို့ သိရပါတယ်။

4 months Ago
Up