ရှာရွတ်ခမ်း၏အစ်မ

June 30, 2018

ဘောလီးဝုဒ်စတား ရှာရွတ်ခမ်း၏အစ်မ ပါကစ္စတန်ရွေးကောက်ပွဲမှ နုတ်ထွက်

ပါကစ္စတန်ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းထားတဲ့ ဘောလီးဝုဒ်စတား ရှာရွတ်ခမ်းရဲ့ အစ်မဟာ အမည်စာရင်းတင်သွင်းထားတာကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ပါကစ္စတန်သတင်းတွေမှာ ဖော်ပြပါတယ်။ ကမ္ဘာကျော်မင်းသားကြီး ရှာရွတ်ခမ်းရဲ့ ဝမ်းကွဲအစ်မဖြစ်သူ နူးဂျာဟန် ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဇွန်လအစောပိုင်းက အမည်စာရင်းတင်သွင်းခဲ့တာပါ။ ဒါပေမယ့် ဇွန် ၂၉ ရက်နေ့မှာတော့ အမည်စာရင်းတင်သွင်းထားမှုကနေ ပြန်လည်နုတ်ထွက်လိုက်တယ်လို့ Wion သတင်ဌာနက ဖော်ပြပါတယ်။ ဒီလိုနတ်ထွက်ရတာက ANP ပါတီကို ဝန်းရံဖို့အတွက် ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဂျာဟန်က သူတို့ဟာဆွေစဉ်မျိုးဆက် ANP ပါတီကို ထောက်ခံသူတွေဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင် ရပ်တည်ချက်ကြောင့် ပါတီကို မထိခိုက်စေချင်ဘူးလို့လည်း ဆိုပါတယ်။ ဂျာဟန်ဟာ တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ပတ်ရှ်ဝါနယ်မြေ ၇ ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သူဖြစ်ပြီး သူနဲ့ ANP ပါတီခေါင်းဆောင်ပိုင်းကြား မှာ မကျေလည်မှုတွေရှိခဲ့ပေမယ့် အဆုံးသတ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။ ရှာရွတ်ခမ်းရဲ့အစ်မဖြစ်ဟာ နိုင်ငံရေးသမားတဦးဖြစ်ပြီး ကောင်စီဝင်တဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသလို ပြီးခဲ့တဲ့ နှစ်တွေမှာလည်း နိုင်ငံရေးနယ်ပယ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
3 years Ago
Up