ရှာရာပိုဗာ

January 19, 2019

Australian Open တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာက လက်ရှိချန်ပီယံ ဝေါ့ဇ်နီယာကီကို အနိုင်ရ

သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမြို့မှာ ဇန်န၀ါရီ ၁၈ ရက်နေ့က ပြုလုပ်တဲ့ Australian Open တင်းနစ်ပြိုင်ပွဲမှာ မာရီယာရှာရာပိုဗာက လက်ရှိချန်ပီယံ ကယ်ရိုလင်း ဝေါ့ဇ်နီယာကီကို နောက်ကနေလိုက်ကစားပြီး ၆-၄ ၊ ၄-၆ ၊ ၆-၃ နဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ ရှာရာပိုဗာက “level က သိပ်ကိုမြင့်တယ်လို့ ထင်ပါတယ်။ ဝေါ့ဇ်နီယာကီက ဒီပွဲမှာ ဆုဖလားကို  ကာကွယ်တာပါ။ ဒီကွင်းကို သူချစ်တာ လျှို့ဝှက်စရာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဝေါ့ဇ်နီယာကီက စပေးဘောမှာ အမှတ်ရခဲ့ပေမယ်လို့ နောက်ပိုင်း အမှားကနေ ရှာရာပိုဗာက အသာစီးရခဲ့တာပါ။ အခုပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ရှာရာပိုဗာဟာ စတုတ္ထအချီအဖြစ် ဇန်န၀ါရီ ၂၀ ရက်နေ့ သြစတြေးလျ နံပါတ် ၁ တင်းနစ်မယ် အက်ရှ်လေဘာတီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အက်ရှ်လေဘာတီဟာ ဂရိတင်းနစ်မယ် မာရီယာဆက်ကာရီကို ၇-၅ ၊ ၆-၁ နဲ့ အနိုင်ရထားတာပါ။ အိမ်ရှင် တင်းနစ်မယ် ဘာတီနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ရုရှားတင်းနစ်မယ် ရှာရာပိုဗာဟာ ရန်လိုတဲ့ အိမ်ရှင်ပရိသတ်အတွက် ပြင်ဆင်ရပါလိမ့်မယ်။
3 years Ago

July 4, 2018

နာမည်ကြီး ရှာရာပိုဗာ ဝင်ဘယ်ဒန်တင်းနစ် ပထမအဆင့်မှာပင် ရှုံးပြီး ပြိုင်ပွဲမှထွက်

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်းမှာ နာမည်ကြီးတွေဖြစ်တဲ့ မာရီယာ ရှာရာဗိုပါနဲ့ ပီတရာ ကဗစ်တိုဗာတို့ ပထမအဆင့်မှာပဲ ရှုံးပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပါတယ်။ ဝင်ဘယ်ဒန် ချန်ပီယံဟောင်း ရုရှားသူ ရှာရာဗိုပါဟာ ဒီပွဲမှာ အမှားအယွင်း များခဲ့ပါတယ်။ ဒါကြောင့် တနိုင်ငံတည်းက ဒီရာခ်ျကိုက ရှာရာဗိုပါကို ၆ - ၇၊ ၇ - ၆၊ ၆ - ၄ နဲ့ အနိုင်ယူပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။ ချန်ပီယံနှစ်ကြိမ် ဖြစ်ဖူးထားတဲ့ ကဗစ်တိုဗာကို ကမ္ဘာ့အဆင့် ၅၀ ဖြစ်တဲ့ ဘေလာရုစ်နိုင်ငံသူ ဆပ်နိုဗစ်က အနိုင်ရသွားပါတယ်။ ဆပ်နိုဗစ်က ၆ - ၄၊ ၄ - ၆၊ ၆ - ၀ နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
3 years Ago
More News
Up