ပရီးမီးယားလိဂ် တန်းတက်ကလပ် ဖူဟမ်အသင်းဟာ ဒေါ့မွန်အသင်းက ဂျာမန်တောင်ပံကစားသမား ရှာရယ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ဖူဟမ်အသင်းဟာ ဒေါ့မွန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။
အသက် ၂၇ နှစ်ရှိ ရှာရယ်ဟာ ဒေါ့မွန်အသင်းရဲ့ အမေရိက ခရီးစဉ်ကိုလည်း လိုက်ပါသွားခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ သေချာနေပါတယ်။
ရှာရယ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ကစားဖူးသူဖြစ်ပြီး ၄၄ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
လန်ဒန်အခြေစိုက် တန်းတက်ကလပ် ဖူဟမ်အသင်းဟာ မနှစ်က အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ ဆားဘီးယား တိုက်စစ်မှူး မီထရိုဗစ်ကိုလည်း ပေါင် ၂ သန်းပေးပြီး ခေါ်ယူဖို့ နယူးကာဆယ်အသင်းနဲ့ ညှိနှိုင်းနေပါတယ်။
5 years Ago