ရွာကြီရီ

November 27, 2018

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု ရှာကွီရီ သတိပေး

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ လီဗာပူး ကွင်းလယ်ကစားသမား ရှာကွီရီက မန်စီးတီးအသင်းကို သတိပေးလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဝတ်ဖို့ဒ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းကို နှစ်မှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး စောင့်ကြည့်နေမှာမဟုတ်ဘဲ မိမိတို့အသင်း ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ရှာကွီရီက ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ လက်ရှိခြေစွမ်းအတိုင်းသာ နိုင်ပွဲတွေ ဆက်ပြီး ရယူနိုင်မယ်ဆိုရင် မန်စီးတီးအသင်းဆီက ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ရှာကွီရီက သုံးသပ်ပြောကြားခဲ့ပါတယ်။
3 years Ago

August 2, 2018

ရှာကွီရီနှင့် အယ်လီဆင်တို့ လီဗာပူးနည်းပြ ကျေနပ်သည့် စွမ်းဆောင်မှု ပြုလုပ်နိုင်

လီဗာပူးအသင်းရဲ့ ကစားသမားသစ်​​တွေဖြစ်​တဲ့ ရှာကွီရီနဲ့ ဂိုးသမား အယ်​လီဆင်​တို့ဟာ နည်းပြကလော့ပ် ကျေနပ်​​လောက်​တဲ့ စွမ်း​ဆောင်​မှု​တွေ ပြုလုပ်​နိုင်​ခဲ့တယ်​လို့ သိရပါတယ်။ သူတို့နှစ်​ဦးရဲ့ အသင်းနဲ့အတူ ပထမဆုံး လေ့ကျင့်​ခန်းဆင်းတဲ့ အစီအစဉ်​မှာ ​နည်းပြ အထင်​ကြီး လေးစား​လောက်​တဲ့အထိ စွမ်း​ဆောင်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးသမားဖြစ်​တဲ့ အယ်​လီဆင်​ဟာ ရိုးမားအသင်းက​နေ စံချိန်​တင်​​ပြောင်း​ရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ ရောက်​ရှိခဲ့တာ ဖြစ်​ပါတယ်​။ လေ့ကျင့်​ခန်းမှာ ဂရုဂျစ်​ရဲ့ အနီးကပ် ကန်​သွင်းတာကို မဖြစ်​နိုင်​တဲ့ အ​နေအထားက​နေ ကာကွယ်​သွားနိုင်​ခဲ့တာလည်း ဖြစ်​ပါတယ်။ ရှာကွီရီက​တော့ အ​ဝေးကန်​ချက်​ပြင်းနဲ့အတူ ဂိုးတဂိုး သွင်းယူနိုင်​ခဲ့ပြီး အသက်​အရွယ် မငယ်​​တော့​ပေမယ့် စွမ်း​ဆောင်​ရည်ကောင်း​တွေကို ထုတ်​ပြနိုင်ခဲ့တာပါ။ လီဗာပူးအသင်းနည်းပြ က​လော့ပ်​ဟာ အသင်းကို​ရောက်​ရှိချိန်​မှာ ကစားသမား ခေါ်ယူမှု ပြုလုပ်​ဖို့ ငြင်းဆန်​ခဲ့​ဖူး​ပေမယ့် အခုအခါမှာ​တော့ ကစားသမား အ​တော်​များများကို ​ပြောင်း​ရွှေ့ကြေး အ​မြောက်​အမြား အသုံးပြု ခေါ်ယူထားသူလည်း ဖြစ်​ပါတယ်​။
3 years Ago
More News
Up