ရှာကွီရီ

July 12, 2018

စတုတ်ကွင်းလယ်လူ ရှာကွီရီကို လီဗာပူး ခေါ်ယူရန် ဆွေးနွေး

စတုတ်စီးတီးအသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ရှာကွီရီကို ခေါ်ယူဖို့ လီဗာပူအသင်းက ဆွေးနွေးနေပါတယ်။ ရှာကွီရီအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၃ သန်း ဝန်းကျင်လောက် ရှိမယ်ဆိုပြီး ခန့်မှန်းနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဆားဘီးယားအသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ၁ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ ဆွီဒင်ကိုရှုံးပြီး ထွက်ခဲ့ရပါတယ်။ ကွင်းလယ်လူ ရှာကွီရီဟာ အင်တာမီလန်အသင်းကနေ ၂ဝ၁၅ မှာ စတုတ်စီးတီးကို ရောက်ရှိခဲ့တာပါ။ သူဟာ စတုတ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ၈ ဂိုး သွင်းယူပေးနိုင်ပေမယ့် အသင်းကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပါတယ်။
3 years Ago
Up