ရှဥ့် ၂ ကောင်ကို သားသမီးသဖွယ် ကျွေးမွေးပြုစုသည့် ကြောင်ကလေး (ရုပ်သံ)

April 23, 2016

ရှဥ့် ၂ ကောင်ကို သားသမီးသဖွယ် ကျွေးမွေးပြုစုသည့် ကြောင်မလေး (ရုပ်သံ)

ယူကရိန်းက ပိုတာဗာမှာ ဒေသခံရဲတပ်ဖွဲ့တွေ ကယ်ဆယ်ထားတဲ့ ရှဉ် ၂ ကောင်ကို ကြောင်ကလေး တကောင်က ပြုစုစောင့်ရှောက်နေပါတယ်။ မကြာသေးမီ ၃ နှစ်အရွယ် ကြောင်မလေး ဘဲလ်ကာက ကြောင်ကလေးတွေ မွေးဖွားခဲ့ပေမယ့် ငယ်ရွယ်တဲ့ ရှဥ့်ကလေး ၂ ကောင်ကိုလည်း သားသမီးတွေအလား ပြုစုစောင့်ရှောက်ပေး နေပါတယ်။ ဧပြီ ၁၈ ရက်က ရဲတွေက စွန့်ပစ်ခံထားရတဲ့ ရှဥ့်ကလေး ၃ ကောင်ကို တွေ့ရှိ ကယ်ဆယ်ခဲ့ပါတယ်။ ဒီနောက် ရှဥ့်ကလေး ၃ ကောင်ကို တိရစ္ဆာန် ဆရာဝန်ထံ ခေါ်ဆောင်သွားသလို ဒေသခံ ဥယျာဉ် မန်နေဂျာဆီမှာ ရှဥ့်ကလေးတွေကို ခိုးနားစရာ ပေးဖို့ တောင်းခံခဲ့ပါတယ်။ ယူကရိန်းလို ဘဲလ်ကာအမည်ရ ကြောင်ကလေးက ရှဥ့်တွေကို မြင်မြင်ချင်းကို နမ်းရှုံပြီး လျာနဲ့ လျက်ပေးခဲ့ပါတယ်။ ယူဆောင်လာခဲ့ပြီး မကြာခင်မှာ ရှဥ့် ၁ ကောင်က သေဆုံးသွားခဲ့ပါတယ်။ ရှဥ့် ၂ ကောင်ကို မိဘလို ပြုစုစောင့်ရှောက်ပေးတဲ့ ဘဲလ်ကာရဲ့ လုပ်ရပ်ကြောင့် ဒေသခံတွေက ချီးကျူး ပြောဆိုနေတယ်လို့ ဥယျာဉ် စီမန်ခန့်ခွဲရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ နောက်ပိုင်း ရှဥ့်တွေ့ ကျန်းမာ ကြံ့ခိုင်လာရင်တော့ ဥယျာဉ်က ရှဥ့်တွေ ကျက်စားတဲ့နေရာကို ပို့ဆောင် မယ်လို့ ဆိုပါတယ်။ အခုတော့ ရှဥ့်ကလေး ၂ ကောင်က ဘဲလ်ကာရဲ့ ရင်သွေး ကြောင် ၃ ကောင်နဲ့ အတူ ပူးအိပ်နေပြီး ကြောင်မကြီးက နို့ချို တိုက်ကျွေးလျက်ရှိပါတယ်။
6 years Ago
Up