ရှဥ့်နှင့်ခွေးတို့၏ တူတူပုန်းတမ်း ကစားပွဲ (ရုပ်သံ)

June 17, 2016

ရှဥ့်နှင့်ခွေးတို့၏ တူတူပုန်းတမ်း ကစားပွဲ (ရုပ်သံ)

သြစတြီးယားနိုင်ငံမှာ သစ်ပင်ပေါ်က ရှဥ့်တကောင်ကို ဖမ်းဖို့ ခွေးတကောင်က ကြိုးစားခဲ့ပါတယ်။ မီလာလို့ အမည်ရတဲ့ ခွေးက သစ်ပင်ပင်စည်မှာ ရှိနေတဲ့ ရှဥ့်ကို မြင်သွားပြီး လိုက်လံဖမ်းဆီးရာမှာ ရှဥ့်က ပင်စည်ကို ပတ်ပြေးခဲ့ပါတယ်။ ခွေးက တဖက်က လိုက်ရင် ရှဥ့်က ပင်စည်တဖက်ကို ထွက်ပြေးပါတယ်။ ခွေးက တခြားတဖက်က လိုက်ရင် ရှဥ့်က တခြားတဖက်ကို ထွက်ပြေးပါတယ်။ သူတို့ လိုက်နေတဲ့ ပုံစံက တူတူပုန်းတမ်း ကစားတဲ့ ပုံစံနဲ့ အလား သဏ္ဌာန်တူနေပါတယ်။ ဒီလို လိုက်ဖမ်းနေတာ ၅ မိနစ် နီးပါး ကြာတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ရှဥ့်ကလေးက သစ်ပင်ပေါ် တက်ပြေးသွားပါတယ်။ ဇွန် ၁၂ ရက်က ဖြစ်ပွားတာကို ရိုက်ကူးထားတဲ့ ခွေးပိုင်ရှင်က ရုပ်သံဖိုင်ကို ဇွန် ၁၆ ရက်မှာ ယူကျူပေါ်တင်ခဲ့ပါတယ်။
7 years Ago
Up