ရှရှား

February 28, 2015

ရှရှားအတိုက်အခံခေါင်းဆောင် သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် သေဆုံး

ရုရှားအတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၊ ဒုဝန်ကြီးချုပ်ဟောင်း ဘောရစ် နမ်ဆော့ဗ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြို့တော် မော်စကိုရဲ့ မြို့လယ်ခေါင် ကရင်မလင်ကနေ မီတာနည်းနည်းပဲ ဝေးတဲ့ နေရာမှာ အသေပစ်သတ် ခံခဲ့ရပါတယ်။ သူဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်သူလည်း ဖြစ်ခဲ့ပါတယ်။ Medics carry the body of Boris Nemtsov, who was shot dead, in central Moscowအသက် ၅၅ နှစ်အရွယ် နမ်ဆော့ဗ်ဟာ နောက်ကျောကနေ သေနတ်နဲ့ လေးကြိမ် ပစ်သတ်ခံရ တာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အခင်းဖြစ်ရာနေရာက ရဲပြောခွင့်ရကတော့ နမ်ဆော့ဗ်ဟာ ယူကရိန်းအမျိုးသမီးတယောက်နဲ့အတူ မတ်စ်က်ဗာမြစ်ကူးတံတားပေါ် ဖြတ်လျှောက်လာခဲ့ သေးတယ်လို့ ပြောပါတယ်။ သမ္မတပူတင်ကတော့ ဒီသတ်ဖြတ်မှုကိုရှုတ်ချပြီး သမ္မတအမိန့်နဲ့ စုံစမ်းစစ်ဆေးခိုင်းနေပါတယ်။ ဒါဟာ လူငှားသတ်ခိုင်းတာ ဖြစ်နိုင်ပြီး မတ်လ ၁ ရက်နေ့မှာ နမ်ဆော့ဗ်က ဦးဆောင်မယ့် ကြီးမားတဲ့ အတိုက်အခံ ဆန္ဒပြပွဲ မတိုင်မီ အကြိုနေ့မှာ လက်ဦးမှုယူ သတ်ဖြတ်မှုလို့လည်း ပြောခဲ့ပါတယ်။
7 years Ago
Up