ရှမ်း​မြောက်​ ​ရေပူစစ်​​ဆေး​ရေးစခန်းတွင်​ ဘိန်းဖြူ များဖမ်းမိ (သတင်းဓာတ်ပုံ)

April 1, 2017

ရှမ်း​မြောက်​ ​ရေပူစစ်​​ဆေး​ရေးစခန်းတွင်​ ဘိန်းဖြူ များဖမ်းမိ (သတင်းဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်း  ရေပူစစ်ဆေးရေးစခန်းမှာ ကားဘီးထဲ ၀ှက်သယ်လာတဲ့ ဘိန်းဖြူ  မူးယစ်ဆေးဝါး ၇၄ ခွက် ဖမ်းဆီးရမိခဲ့တယ်လို့ ရေပူစစ်ဆေးရေးစခန်း မူးယစ်အထူးရဲအုပ် ဦးစိုင်းရန်လင်းက ပြောပါတယ်။ "ဖမ်းမိတာက မနက် ၁၁ နာရီ ဝန်းကျင်မှာ ဖမ်းမိတာပါ။ အဲဖမ်းမိတဲ့လူကတော့ မူဆယ်ကနေ ဆင်းလာတာ။ ဒီစစ်ဆေးရေး ဂိတ်ရောက်လာတော့ အားလုံးဝိုင်းစစ်ဆေးတယ်။ အဲဒီမှာ သူရဲ့ကားဘိန်းတွေထဲက ဘိန်းဖြူတွေပါလာတယ်။ မိတာက ၇၄ ခွက်ပါ။" မူးယစ်ဆေးတွေ သယ်ဆောင်လာသူနဲ့ မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ပမာဏ ဘယ်လောက်ရှိလဲ ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ နိုင်နိုင်  
5 years Ago
Up