ရှမ်းပြည်​နယ်​တွင် ထောင်​ကျ​နေသည့် ဆယ်တန်းကျောင်းသား​ ၃၀ ​ကျော်အနက်​ ၁၆ ဦး စာပေးပွဲဖြေမည်

September 18, 2018

ရှမ်းပြည်​နယ်​တွင် ထောင်​ကျ​နေသည့် ဆယ်တန်းကျောင်းသား​ ၃၀ ​ကျော်အနက်​ ၁၆ ဦး စာပေးပွဲဖြေမည်

ရှမ်းပြည်​နယ်​ထဲမှာ အပြစ်​ဒဏ်​​တွေကြောင့် ထောင်ကျနေတဲ့ တက္ကသိုလ်​ဝင်​တန်း အကျဉ်းသား ၃၀ ​ကျော်ရှိပြီး ၂၀၁၈ ခုနှစ်​ စာ​မေးပွဲ ဝင်​​ရောက်​​ဖြေဆိုမယ့်သူ ၁၆ ဦးရှိတယ်​လို့ သိရပါတယ်​။ ​ကျောင်းသား​တွေ ပညာ​ရေးအခွင့်အ​ရေးမဆုံးရှုံးဖို့ စက်​တင်​ဘာလ ၁၈ ရက်​​ ရှမ်းပြည်​နယ်​လွတ်​​တော်​ အစည်းအ​ဝေးမှာ မိုးနဲမဲဆန္ဒနယ်​ လွှတ်​​တော်​ကိုယ်​စားလှယ် ဦးမျိုးမြင့်က ကြယ်​ပွင့်ပြ​မေးခွန်း ​မေးမြန်းခဲ့ပါတယ်​။ မေးခွန်းကို ရှမ်းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုး ထွန်းပြန်​လည်​​ဖြေကြားရာမှာ “အပြစ်​ဒဏ်​​ကြောင့် တက္ကသိုလ်​ဝင်​တန်း ​အကျဉ်းသားအကျဉ်းသူ ညောင်​​ရွှေ အကျဉ်း​ထောင်​ မှာ၁၉ ဦး၊ လားရှိုး အကျဉ်း​ထောင်​မှာ ၁၀ ဦး၊ သီ​ပေါအကျဉ်း​ထောင်​မှာ ၁၀ ဦးနဲ့ ကျိုင်းတုံ အကျဉ်း​ထောင်​မှာ ၄ ဦးတို့ရှိပြီး တက္ကသိုလ်​ဝင်​​ဖြေဆိုဖို့ ဆန္ဒပြုသူမှာ ​ညောင်​​ရွှေက ၉ ဦး၊ လားရှိုး က ၂ ဦး၊ သီ​ပေါက ၁ ဦးနဲ့ ကျိုင်းတုံ က ၄ ဦး စုစု​ပေါင်း ၁၆ ဦးကို ပညာ​ရေးဝန်​ကြီးဌာနက ရန်​ကုန်​ အင်းစိန်​နဲ့ မန္တ​လေးဗဟိုအကျဉ်း​ထောင်​တို့မှာ စာစစ်​ဌာန ဖွင့်လှစ်​ထားတဲ့အတွက်​ အဲဒီ စာစစ်​ဌာန နှစ်​ခုမှာ သွား​ရောက်​​ဖြေဆိုရမှာဖြစ်​တယ်” ​လို့ ပြန်​လည်​​ဖြေကြား​ခဲ့ပါတယ်​။ အပြစ်​ဒဏ်​​ကြောင့် အကျဉ်းကျခံရသူတွေဟာ အရင်​ကစာဖတ်​ဖို့​တောင်​မလွယ်​ကူတဲ့ အတွက်​ ​အပြစ်​ဒဏ်​​ကြောင့် ​ကျောင်းသားလူငယ်​​တွေ ပညာ​ရေးအခွင့်အလမ်းမဆုံးရှုံးအောင်​ ကြယ်​ပွင့်ပြ​မေးခွန်း  မေးမြန်းရတယ်​လို့ လွှတ်​​တော်​ကိုယ်​စားလှယ် ​တွေက​ပြောပါတယ်​။ ခွန်​ရာဇာ
3 years Ago
Up