ရှမ်းအ​ရှေ့တက္ကသိုလ်​ဝင်​တန်း​အောင်​ချက်​မြင့်မား​ရေး စာ​ဖြေစနစ်​ပုံစံသစ်​ ဟောပြောဆွေးနွေး

January 20, 2019

ရှမ်းအ​ရှေ့တက္ကသိုလ်​ဝင်​တန်း​အောင်​ချက်​မြင့်မား​ရေး စာ​ဖြေစနစ်​ပုံစံသစ်​ ဟောပြောဆွေးနွေး

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းဆတ်​ခရိုင်​ မိုင်းတုံမြို့နယ်​ရှိ တက္ကသိုလ်​ဝင်​တန်း ဝင်​​ရောက်​​ဖြေဆိုမယ့် ကျောင်းသား​ကျောင်းသူတွေကို တက္ကသိုလ်​ဝင်​တန်း​အောင်​ချက်​မြင့်မား​ရေး စာ​ဖြေစနစ်​ပုံစံသစ်​ကို ​တက္ကသိုလ်ဆရာဆရာမတွေက ဟော​ပြော​ဆွေး​နွေးခဲ့ကြပါတယ်။ ​ဇန်​နဝါရီလ ၁၉ ရက်​​နေ့ မနက်​ပိုင်းမှာ မိုင်းတုံမြို့ အထက်​တန်း​ကျောင်းခန်းမမှာ တက္ကသိုလ်​ဝင်​တန်း ဝင်​​ရောက်​​ဖြေဆိုမယ့် ၂ဝဝ လောက်ကို လာမယ့် တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ မှာ​ အောင်​ချက်​မြင့်မားလာ​စေ​ရေး ကျိုင်းတုံတက္ကသိုလ်​နဲ့ တောင်​ကြီးတက္ကသိုလ်​တို့က ပါ​မောက္ခ၊ တွဲဖက်​ပါ​မောက္ခ၊ ကထိကဆရာဆရာမကြီးတွေက စာ​မေးပွဲ​မေးခွန်းပုံစံသစ်​​ဖြေဆိုဖို့ နည်းလမ်းတွေကို ရှင်းလင်း​ဟော​ပြောခဲ့တာပါ။ ပြည်​နယ်​ပညာ​ရေးမှူးရုံး(ကျိုင်းတုံ)မှ လက်​​ထောက်​ပညာ​ရေးမှူး ဦးတင့်ဆွေက “​မေးခွန်းပုံစံ သစ်​မှာ သင်​ရိုးကို အလွတ်​ကျက်​မှတ်​​ဖြေဆိုတာထက်​ ​တွေး​ခေါ်စဉ်းစား​ဖြေဆို တတ်​ဖို့​ မေးခွန်းပုံစံ​တွေ ​ပြောင်းလဲထားပါတယ်​။ က​လေး​တွေစာ​ဖြေတဲ့အခါမှာ ဘာသာရပ်​အလိုက်​ ဘယ်​လို​မေးခွန်းပုံစံမှာ​ဖြေဆိုရမယ့် စဉ်းစား​တွေး​ခေါ်ရမယ့် နည်းလမ်း​တွေကို ပါ​မောက္ခ/ကထိက ဆရာဆရာမကြီး​တွေကိုယ်​တိုင်​ ခရိုင်​မြို့နယ်​အားလုံးကို ကွင်းဆင်း ​ဟော​ပြော​ဆွေး​နွေး ​ပေးခဲ့တာပါ” လို့ ​ ပြောပါတယ်​။ ကျိုင်းတုံတက္ကသိုလ်​မှ ပါ​မောက္ခ​ဒေါက်​တာထွန်း​အောင်​က “ဘာသာရပ်​အားလုံးအတွက်​ သက်​ဆိုင်​ ရာစာ​မေးပွဲ​မေးခွန်းထုတ်​မယ့် ဆရာဆရာမ​တွေ ကိုယ်​တိုင်​ ရှမ်းအ​ရှေ့တခုလုံး ​အောင်​ချက်​ရာခိုင်​နှုန်းမြင့်​မားလာ​စေဖို့နဲ့ မေးခွ​န်းပုံစံသစ်​ကို နားလည်​​ဖြေဆိုတတ်​​စေဖို့ ရှင်း​လင်း​ဆွေး​နွေးပြီး​ တွေး​ခေါ်စဉ်းစားပုံနည်းလမ်း​တွေကို သိမြင်​လာ​အောင်​ ပို့ချဆွေး​နွေးခဲ့ကြတာပါ” လို့ ဆိုပါတယ်​။ ရှမ်းအ​ရှေ့မှာ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ အောင်​ချက်​ရာခိုင်​နှုန်းမြင့်​မားလာ​စေဖို့ လူမှု​ရေးဝန်​ကြီး​ ဒေါက်​တာမျိုးထွန်းက ၂ဝ၁၈ ခုနှစ် ​ဒီိဇင်​ဘာ ၁ ရက်​​နေ့မှ ၃ ရက်​​နေ့အထိ ရှမ်းပြည်​နယ် ​ဖွံ့ဖြိုးတိုးတက်​​ရေးခရီးစဉ်​အတွင်း လမ်းညွှ​န်​ချက်​အရ ​ဆောင်​ရွက်​ခဲ့တာလို့ သိရပါတယ်​။ ​အောင်​​ဇေယျ
2 years Ago
Up