ရှမ်းပြည်နယ် ၅ မြို့နယ်​တွင် စီမံချက်​ဖြင့် တရားမဝင်​သစ်​များ ​ဖော်​ထုတ်​ဖမ်းဆီး

February 17, 2019

ရှမ်းပြည်နယ် ၅ မြို့နယ်​တွင် စီမံချက်​ဖြင့် တရားမဝင်​သစ်​များ ​ဖော်​ထုတ်​ဖမ်းဆီး

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်​၊ တာချီလိတ်​၊ ကျိုင်းတုံမြို့နယ် အတွင်းမှာ သစ်​​တောဦးစီးဌာနနဲ့ တပ်​မ​တော်​စစ်​​ကြောင်းများ ပူး​ပေါင်းကာ ၅ မြို့နယ်​စီမံချက်​နဲ့ တရားမဝင်​သစ်​ ​ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ "မြို့နယ် ​ငါးခုက သစ်​​တောဝန်​ထမ်း​တွေနဲ့ တပ်​မ​တော်​လုံခြုံ​ရေးစစ်​​ကြောင်း​တွေ ပူး​ပေါင်းပြီး ဖြန့်​ခွဲရှာ​ဖွေ​ ဖော်​ထုတ်​ခဲ့ကြတာပါ။ လော​လောဆယ် ​မိုင်းဆတ်​မြို့နယ်​အတွင်းက​နေ စစ်​​ကြောင်း ၂ ကြောင်းက​ နေရာသုံး​နေရာက​နေ သစ်​တင်​ ၆ ဘီးယာဉ်​တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်​။ ဆက်​လက်​ရှာ​ဖွေမှုတွေလည်း လုပ်​​နေပါတယ်” လို့ ဖမ်းဆီးရာမှာ ပါဝင်​ခဲ့တဲ့ သစ်​​တောဝန်​ထမ်း ​တောအုပ်​တဦးက​ ပြောပါတယ်​။ မိုင်းဆတ်​မြို့နယ်​​ချောင်းဆုံ (၁၀မိုင်​) ရွာမှာ ပိ​တောက်​ စကွဲယား ၅၂ တုံးနဲ့ သစ်​လုံး ၁ ​လုံး၊ နားလည်​ရွာအနီး​ တောအုပ်​အတွင်းမှ ပိ​တောက်​စကွဲယား ၁၀၅ တုံး၊ ဘာထန်​​ကျေးရွာအနီးမှ ပိုင်ရှင်မဲ့ ၆ ဘီးယာဉ်နဲ့အတူ ပိ​တောက်​စကွဲယား ၆၉ တုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆတ်​မြို့နယ်​ သစ်​​တောဦးစီးဌာနဦးစီးအရာရှိ ဦးသန်းနိုင်​က ၆ ဘီးယာဉ်​နဲ့အတူ ဖမ်းဆီးရမိတဲ့ ပိ​​တောက်​သစ်​စကွဲယား ၂၂၅ တုံးနဲ့ သစ်​လုံး ၁ ​လုံးအပါအဝင်​ စုစု​ပေါင်းသစ်​တန် ​၂၅ ဒဿမ ၄၅၇ တန်​ကို မိုင်းဆတ်​မြို့နယ် ​သစ်​​တောဦးစီးဌာနဝန်းအတွင်း သယ်​​ဆောင်​ထားရှိပြီး သစ်​​တောဥပ​ဒေအရ အမှုဖွင့်လှစ်​နိုင်​​ရေး​ဆောင်​ရွက်​​နေတယ်လို့ ပြောပါတယ်​။ အောင်ဇေယျ
2 years Ago
Up