ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြံ့ခိုင်ရေးက ဗိုလ်ချုပ်ဟောင်းအောင်သန်းထွဋ် ဖြစ်နိုင်ဟုဆို

A d v e r t i s e m e n t With Us

April 1, 2016

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ကျမ်းသစ္စာဆို

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပသွားတဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့မှာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံ ရသူ အန်အယ်လ်ဒီပါတီမှ ဒေါက်တာလင်းထွဋ်နဲ့ အစိုးရအဖွဲ့ဝင် ၁၀ ဦးတို့ ဒီကနေ့  ကျမ်းသစ္စာ ဆိုခဲ့ကြပါတယ်။ ပြည်နယ်လွှတ်တော် အစည်းအဝေးကို မနက် ၁၀ နာရီမှာစတင်ပြီး ၀န်ကြီးချုပ်က ကျမ်းသစ္စာ ကျိန်ဆိုကာ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ကို ရွေးချယ်တင်မြှောက်ပြီး တိုင်းရင်းသားဝန်ကြီး ၇ ဦးပါ ကျမ်းသစ္စာဆိုခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောပါတယ်။ “၀န်ကြီးချုပ်က ကျမ်းသစ္စာဆိုတယ်။ ပြီးတော့ ဥပဒေချုပ်အဖြစ် ပြင်ပဥပဒေ ညာရှင်တဦးဖြစ်တဲ့ ဦးတင်ဦး၊  စာရင်းစစ်ချုပ်အဖြစ် အရင်က ဒုပြည်နယ်စာရင်း စစ်ချုပ်မှူးဖြစ်ခဲ့ဖူး တဲ့ ကျိုင်းတုံက ရှမ်းအမျိုးသမီး ဒေါ်နန်းဝိုဟိန်းကို အဆိုပြုပါတယ်။ နောက် နယ်လုံ ၀န်ကြီး ကတော့ ဗိုလ်မှူးစိုးမိုးအောင်ကို အဆိုပြုပြီး  ဒီနေ့မနက်ဘဲ အတည်ပြုပြီးတော့ ကျမ်းသစ္စာ ဆိုကြတယ်။ ပြီးတော့ တိုင်းရင်းသားရေးရာ ၀န်ကြီး ၇ ဦးပေါ့။” ရှမ်းပြည်နယ်အစိုးရထဲပါတဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၇ ဦးတို့မှာ  ဗမာတိုင်းရင်း သားရေးရာ ၀န်ကြီးအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ အောင်သန်းမောင်၊ ကချင်တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် တသီးပုဂ္ဂလအဖြစ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဦးဇုတ်ဒေါင်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဂူဆာ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးယောသပ်၊  အာခါတိုင်းရင်းသား ရေးရာဝန်ကြီးအဖြစ် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာဖေလှ၊ အင်းတိုင်းရင်းသား ရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာထွန်းလှိုင်နဲ့ ကယန်း ( ပဒေါင် )  တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ဦးခွန်းအေးမောင်တို့က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးကို ၂ ရက်ရပ်နားပြီး ဧပြီလ ၄ ရက်မှာ ပြန်လည်စတင်မှာဖြစ်ကြောင်း၊ အဲဒီနေ့မှာ ကျန်ရှိနေသေးတဲ့ အခြား အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို  ရွေးချယ်တင်မြှောက်ဖို့ ရှိတယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောသွားပါ တယ်။ ဓာတ်ပုံ - MOI  
5 years Ago

March 28, 2016

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးလင်းထွဋ်အပေါ် သဘောထားအမြင်များ

မိုင်းအုဏ်းခိုင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တအာင်း(ပလောင်) အမျိုးသားပါတီ) ဒေါက်တာလင်းထွဋ်ကို အရင်က မကြားဖူးဘူး။ မသိဖူးပါဘူး။ ဒါပေမယ့် အန်အယ်လ်ဒီက သင့်လျော်တဲ့ပုဂ္ဂိုလ်ကို ရွေးချယ်လိုက်တာလို့ မြင်ပါတယ်။ ကျနော်တို့ဒေသမှာ ဆိုရင် လိုအပ်တာ ကတော့ ငြိမ်းချမ်းရေးပေါ့ဗျာ။ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရှိမှဘဲ ကျန်တဲ့ ပြည်နယ်ဖွံ့ဖြိုးရေး ကိစ္စတွေ ဆောင်ရွက်နိုင်မှာလေ။ ကျနော်တို့ လိုလားချက်တွေကို ပြည်နယ်အစိုးရဖွဲ့စည်းပြီးတဲ့အခါ တင်ပြသွားဖို့ ရှိပါတယ်။ စိုင်းဝမ်းလှိုင်းခမ်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) ကျနော်ကတော့ အရင်ဝန်ကြီးချုပ်နဲ့ ဘာမှ မထူးခြားဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီက ၂၀၀၈ အခြေခံဥပဒေမူအတိုင်းဘဲ လုပ်တယ်လေ။ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်ခန့်အပ်တယ်။ ဗဟိုချုပ်ကိုင်မှု ဖြစ်နေပါသေးတယ်။ ပြည်နယ်သူ ပြည်နယ်သားတွေ ကိုယ်တိုင် တိုက်ရိုက် ရွေးချယ်တာမဟုတ်ဘူး။ သမ္မတအနေနဲ့ ငြိမ်းချမ်းရေး ကိုတည်ဆောက်ချင်တယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ပြဿ နာကို သိရှိနားလည်ပြီး ပြေလည် အောင် ဖြေရှင်းမယ်။ ၀န်ကြီးချုပ်ကလည်း အထက်က ညွှန်ကြားတဲ့ အတိုင်းပဲ လုပ်မှာပေါ့။ သူ့မှာဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ကျနော်တို့ပြည်နယ်ရဲ့ တိုးတက်မှုကတော့ အန်အယ်လ်ဒီအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေပေါ်မှာဘဲ မူတည်လိမ့်မယ်လို့ ပြောချင်ပါတယ်။ ဦးခွန်သိန်းဖေ (အထွေထွေအတွင်းရေးမှူး - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ) ဒေါက်တာလင်းထွဋ်ကို အရင်က မကြားဖူးပါဘူး။ အခုတလော နာမည်တွေထွက်လာမှ သိတယ်။ ကျနော်တို့ ပြည်နယ်အတွက် ဘယ်လောက်လုပ်ပေးနိုင်မလဲ ဆိုတာတော့ သူတို့ လုပ်ဆောင်ချက် တွေ တွေ့ရပြီးမှပဲ ပြောနိုင်မှာပါ။ ဒါပေမယ့် အနိုင်ရပါတီအနေနဲ့ အများကြီးစဉ်းစားပြီးတော့မှ အသင့်လျော်ဆုံးလူကို ရွေးချယ်လိုက်တယ်လို့ မြင်ပါတယ်။ ကျနော်တိုကလည်း တိုင်းပြည် အတွက် အကျိုးရှိမယ်၊ ပြည်သူအတွက်အကျိုးရှိမယ်ဆိုရင်တော့ ပူပေါင်းဆောင်ရွက်မှာပေါ့လေ။ ပအိုဝ်းဒေသမှာတော့ ငြိမ်းချမ်းရေးက ရှိသင့်သလောက်မရှိသေးဘူး။ မူးယစ်ဆေးဝါးပြဿ နာ၊ တရားဥပဒေစိုးမိုးမှုမရှိသေးတဲ့ ပြဿ နာ၊ ကျေးလက်ဒေသ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ပြဿ နာတွေ ရှိနေတယ်။ ကျေးလက်ဒေသမှာ အလုပ်အကိုင်အဆင်မပြေတာကြောင့် မြို့ပေါ်တက်ပြီး ရှာစား နေရတယ်။ မြို့ပေါ်မှာလည်း အခက်အခဲအမျိုးမျိုး တွေ့ရတာပေါ့လေ။ အဲဒါတွေ ဖြေရှင်းပေးစေ ချင်တယ်ပေါ့။ ဒေါ်နန်းဝါနု (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) ဒေါက်တာလင်းထွဋ်ကို အရင်က မကြားဖူးဘူး။ သူ့ရဲ့လုပ်ဆောင်ချက်တွေလည်း သိပ်မသိတော့ ဘာကို မျှော်လင့်ရမလဲဆိုတာ မပြောတတ်ပါဘူး။ ကျမသိတာတခုကတော့ သူဟာ ရှမ်းပြည်နယ် သား မဟုတ်ဘူး။ ကျမအမြင်ပြောရရင်တော့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်က တိုင်းရင်းသားကိုဘဲ ဦးစားပေးခန့်ထားသင့်တယ်လို့ မြင်ပါတယ်။ ဘယ်ပါတီကဘဲဖြစ်ဖြစ် ရှမ်းပြည်တိုင်းရင်းသားလူမျိုးကိုဘဲ ခန့်စေချင်ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ်ဖြစ်ပြီဆိုတော့ အရင်ဆုံး ကျမတို့ ရှမ်းပြည်က ပြဿ နာအရင်းအမြစ်ကို သိစေချင်တယ်။ ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စကျို ဦးဆောင်ဦးရွက်ပြသွားစေချင်ပါတယ်။ ကျမတို့ ရှမ်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း များတယ်။ တိုက်ပွဲတွေကလည်း များမှများပဲ။ တိုက်ပွဲတွေကြောင့် ပြည်နယ် တိုးတက်သင့် သလောက်မတိုးတက်ဘူး။ ငြိမ်းချမ်းရေးဟာ ရှမ်းပြည်နယ်အတွက် အင်မတန် အရေးကြီး ပါတယ်။ နောက်တစ်ခုက တန်းတူညီမျှအုပ်ချုပ်ဖို့ပါ။ သွေးခွဲအုပ်ချုပ်ရေးစနစ်ကို မလိုလားပါဘူး။၊ တရားမျှတစွာနဲ့ တိုင်းရင်းသားအခွင့်အရေးကို ဆောင်ရွက်ပေးဖို့ တိုင်းရင်းသား အချင်းချင်းတန်းတူအခွင့်အရေးပေးဖို့၊ ရှမ်းပြည်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးစေဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို တောင်းဆိုချင်ပါတယ်။ ဦးလာမာလေး ( အထွေထွေအတွင်းရေးမှူး အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) အခုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမယ့်လူကို အရင်ကတော့ မသိပါဘူး။ သွာဆရာဝန်လို့တော့ ပြောတာပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲကနေတက်လာတယ်ဆိုတော့ ခေါင်းဆောင်ကောင်း ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေထဲမှာ ကျနော်တို့ အခါတိုင်းရင်းသားတွေကိုလည်း မမေ့ပါနဲ့လို့ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ ၀န်ကြီးချုပ်လက်ထက်မှာ ၅ နှစ်တာ အချိန်ကုန်သွားခဲ့တယ်လေ။ ကျနော်တို့ဒေသမှာ ဘာမှထူးခြား တိုးတက်ပြောင်းလဲ လာတာ မရှိဘူး။ ကျနော်တို့ဒေသရဲ့ လိုအပ်ချက်တွေလည်း တင်ပြခွင့်မရှိခဲ့ဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ ဦးဆောင်တင်ပြခဲ့တယ်။ ဒီဝန်ကြီးချုပ်လက်ထက်မှာတော့ ကိုယ့်လူမျိုးကိုယ့်ဒေသ လိုလားချက်ကို တိုက်ရိုက် တင်ပြချင်ပါတယ်။ တင်ပြခွင့်ရမှဘဲ လမ်းကြောင်းတွေ ပွင့်လာမှာ ပေါ့လေ။ ဦးဆိုင်ပေါင်းနပ် (အထက်တန်းရှေ့နေ - ယခင် ၀ ဒီမိုခရက်တစ်ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း) ကျနော့်အနေနဲ့ကတော့ ဒေါက်တာလင်းထွဋ်ကို ကြိုဆိုပါတယ်ခင်ဗျ။ သူက ပညာတတ် တယောက်ဖြစ်တယ်။ အရပ်သားတယောက်ဖြစ်တယ်။ အနိုင်ရပါတီကလာတယ်။ ဘာလူမျိုး ဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျနော်တို့ဆီမှာ ခေတ်အဆက်ဆက်က အရပ်သားအစိုးရစစ်စစ် အစိုးရမရှိခဲ့ဘူး။ ခုလို ပြည်သူကနေရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရ တက်လာတာကို ၀မ်းသာပါတယ်။ ကျနေယ်တို့ပေါ်မှာ အစစ မျှမျှတတ ဦးဆောင် အုပ်ချုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။
5 years Ago

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာလင်းထွဋ်အား အတည်ပြု

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ်ကို ပြည်နယ်လွှတ်တော်က အတည်ပြုပါတယ်။ သမ္မတအဖြစ်ရွေးကောက်ခံရသူ ဦးထင်ကျော်က အဆိုပြုခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်မှုတခု ကြုံပေမယ့် မဆွေးနွေးတော့ပဲ အတည်ပြုခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က “ကြံခိုင်ရေးပါတီက တယောက်တော့ ကန့်ကွက်လွှာတင်လာတယ်။ သို့သော် သူ့ရဲ့ အကြောင်းပြချက်က မခိုင်လုံဘူး။ ဒါကြောင့် အစည်းအဝေးမှာ ကန့်ကွက်တဲ့အကြောင်းကို မဆွေးနွေးတော့ဘဲ အတည်ပြုလိုက်ကြပါတယ်” လို့ ပြောပါတယ်။ အဆိုပြုခံရသူ ဒေါက်တာလင်းထွဋ်က “အဲဒါကတော့ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေရဲ့ တာဝန်ပေး ချက်အရ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးဟာ ဘယ်သူပဲဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရ သည်ဖြစ်စေ ကျနော်တို့ရှမ်းပြည်နယ်ရဲ့အကျိး၊ ရှမ်းပြည်နယ်ထဲမှာနေထိုင်တဲ့ လူထုအားလုံးရဲ့ အ ကျိုးကို ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အဲဒီတာဝန်ကို ကျနော့်ကို နာမည်ခံခိုင်းရုံမျှသာဖြစ်တယ်လို့ ကျနော်ခံယူပါတယ်ဗျာ။” လို့ ပြောပါတယ်။ ဒေါက်တာလင်းထွဋ်ဟာ ဧရာဝတီတိုင်း မအူပင်မြို့နယ်မှ မြန်မာလူမျိုးတဦးဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ ရန်ကုန်ဆေးတက္ကသိုလ်ကနေ သွားဘက်ဆိုင်ရာဆရာဝန်ဘွဲ့ရခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ လားရှိုးမြို့မှာ သွားနဲ့ခံတွင်းရောဂါကုဆရာဝန်အဖြစ် ဆောင်ရွက်နေပါတယ်။ သူဟာ လားရှိုးမြို့က ဝေနေယျရက္ခိတနာရေးကူညီမှုအသင်း၊ ဆင်းရွှေလီဘိုးဘွားဗိမာန်အဖွဲ့နဲ့ အခြားလူမှုကူညီရေးအသင်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေပါတယ်။ သူရဲ့ဇနီးဟာ လားရှိုးခရိုင် တရားသူကြီး ဒေါ်နန်းရွှေမြင့် ဖြစ်ပြီး လားရှိုးဇာတိ ရှမ်းအမျိုးသမီးတဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာဧရိယာအကျယ်ဆုံး၊ တိုင်းရင်းသားလူမျိုးအများဆုံး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အများဆုံးနယ်မြေတခုဖြစ်ပါတယ်။ ဘိန်းထွက်များသလို လက်ရှိလည်း တိုက်ပွဲတွေကြောင့် တနိုင်ငံလုံးမှာ တည်ငြိမ်မှုအနည်းဆုံးပြည်နယ်ဖြစ်ပါတယ်။
5 years Ago
Up