ရှမ်းပြည်နယ်ရှိ အမျိုးသမီး ၁၀၀၀၀ ကျော်ကို သားအိမ်ခေါင်းကင်ဆာ စစ်ဆေး ကုသပေး

May 1, 2019

ရှမ်းပြည်နယ်ရှိ အမျိုးသမီး ၁၀၀၀၀ ကျော်ကို သားအိမ်ခေါင်းကင်ဆာ စစ်ဆေး ကုသပေး

ရှမ်း​ပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက အိမ်​​ထောင်​သည်​ အမျိုးသမီး​ပေါင်း ၁၀၀၀၀ ကျော်​ကို သားအိမ်​​ခေါင်းကင်​ဆာ ဖြစ်​ပွားမှုကနေ ကာကွယ်​နိုင်​ဖို့ စစ်​​ဆေး ကုသပေးနိုင်​ခဲ့တယ်လို့ ရှမ်းပြည်​နယ်​ မိခင်​နှင့် က​လေး​စောင့်ရှောက်​​ရေး ကြီးကြပ်​မှု​ကော်​မတီကနေ သိရပါတယ်။ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ်ရဲ့ ဇနီးဖြစ်သူ ရှမ်းပြည်​နယ်​မိခင်​နှင့် က​လေး​စောင့်ရှောက်​​ရေး ကြီးကြပ်​မှု​ ကော်​မတီ နာယက ​ဒေါ်နန်း​ရွှေမြင့်နဲ့ ခေတ္တဥက္ကဋ္ဌ ​ဒေါ်ညိုညိုလွင်​တို့ဟာ ​ဧပြီ ၃၀ ရက်နေ့​ကလည်း မိုင်းတုံပြည်​သူ့​ဆေးရုံမှာ ကျန်းမာ​ရေးဝန်​ထမ်းတွေနဲ့ ကိုယ်​ဝန်​​ဆောင်​ မိခင်​တွေ ကို သားအိမ်​​ခေါင်း ကင်​ဆာ​ရောဂါကာကွယ်​ စစ်​​ဆေး ကုသ​ရေးအတွက် ​​ဆွေး​နွေး​ဟော​ပြောခဲ့ ပါတယ်။ “အိမ်​​ထောင်​သည်​အမျိုးသမီး​တွေရဲ့ ကျန်းမာ​ရေးဟာ အ​ရေးကြီးပါတယ်​။ အမျိုးသမီး​တွေ ကျန်းမာမှသာ မိမိခင်​ပွန်းနဲ့ သားသမီးတွေရဲ့ လိုအပ်​ချက်​​တွေကို အိမ်​ရှင်​မပီသစွာ လုပ်​ကိုင်​​ ပေးနိုင်​မှာဖြစ်​ပါတယ်​။ စီးပွား​ရေးမှာလည်း တဖက်တလမ်းက ဆောင်​ရွက်​​နိုင်​မှာဖြစ်​ပါတယ်​။" လို့ ​ဒေါ်နန်း​ရွှေမြင့်က ပြောပါတယ်။ အိမ်​​ထောင်​သည်​  အမျိုးသမီးတွေကို သားအိမ်​​ခေါင်းကင်​ဆာ မဖြစ်​ပွား​စေ​ရေးအတွက်​ လာမယ့် ၂၀၁၉ အောက်​တိုဘာလကနေ စတင်စစ်​​ဆေးကုသနိုင်ဖို့ စီမံထားကြောင်းနဲ့ ရှမ်းပြည်​နယ်​တခုလုံးမှာ  ၂၀၁၉ ခုနှစ်​ ကုန်​အပြီး စစ်​​ဆေး ကုသပေးသွားမယ်လို့ သိရပါတယ်။ ရှမ်းပြည်​နယ်​မိခင်​နှင့် က​လေး​စောင့်​​ရှောက်​​ရေးအဖွဲ့ဝင်တွေဟာ မိုင်းတုံပြည်​သူ့ဆေးရုံမှာ တက်​​ရောက်​​နေတဲ့ ကိုယ်​ဝန်​​ဆောင်​မိခင် ​၁၀ ဦးနဲ့ မွေးကင်းစက​လေးမိခင်​ ၆ ဦးတို့ကိုလည်း အာဟာရနဲ့ က​လေးအနှီးပိတ်​တွေ ထောက်​ပံ့​ပေးအပ်​ခဲ့ပါတယ်​။ သတင်း- ​အောင်​​ဇေယျ
3 years Ago
Up