ရှမ်းပြည်နယ်တွင်​ မြေမြှုပ်​မိုင်းကြောင့် ​ဒေသခံပြည်​သူများ ထိခိုက်​သေဆုံးမှုပိုများလာနေ

April 5, 2018

ရှမ်းပြည်နယ်တွင်​ မြေမြှုပ်​မိုင်းကြောင့် ​ဒေသခံပြည်​သူများ ထိခိုက်​သေဆုံးမှုပိုများလာနေ

  ရှမ်းပြည်​နယ်မှာ ၂၀၁၇ ခုနှစ်​ကစတင်​ပြီး တိုက်​ပွဲတွေ ပိုမိုပြင်းထန်​လာ​နေပြီး တိုက်​ပွဲအတွင်း လက်​နက်​ကိုင်​အဖွဲ့အစည်းတွေက ​မြေမြှုပ်​မိုင်း ပိုမိုသုံးစွဲလာ​တဲ့အတွက်​ ​ဒေသခံပြည်​သူတွေ ထိခိုက်​ဒဏ်​ရာရ ​သေဆုံးမှုတွေလည်း ပိုများလာနေတယ်လို့ ဒေသခံ အရပ်ဖက် အဖွဲ့စည်းတွေကပြောပါတယ်။ ဧပြီ၎ ရက်​​မှာ ကျ​ရောက်​တဲ့ နိုင်​ငံတကာမိုင်းလှုပ်ရှားမှု​နေ့ အခမ်းအနားကို ကွတ်​ခိုင်​မြို့မှာ တအာင်း ​ကျောင်းသားများနဲ့ လူငယ်​အဖွဲ့​တွေက ဦးစီးဦး​ဆောင်​ ပြုလုပ်​ခဲ့ပြီး အခမ်းအနားမှာ မိုင်းထိလူနာတွေရဲ့ ကိုယ်​​တွေ့ဖြစ်​ရပ်​တွေ၊ မိုင်းအသိပညာ​ ဟော​ပြောပွဲ၊ ပြဇာတ်​၊ ရိုးရာအက​တွေ ပါဝင်​ပြီး လူဦး​ရေ ၁၅၀ တက်​​ရောက်​ခဲ့ကြပါတယ်​။ ပွဲစီစဉ်​​ဆောင်​သူတဦးဖြစ်​တဲ့ ​လွေး​အေး​ထွေးက "ခုတ​လော တိုက်​ပွဲ​တွေ ပြင်းထန်​လာတယ်​။ ပြီး​တော့ မိုင်း​ကြောင့်လည်း လူထု​တွေ ခဏခဏ ထိခိုက်​လာ​နေတယ်​။ အဲဒါကြောင့် ဒီလိုပွဲ​တွေ လုပ်​ပြီး​တော့ မိုင်း​ကြောင့် လူထု​တွေ ဘယ်​​လောက် ​ခံစား​နေရတာလဲ ဆိုတာ လက်​နက်​ကိုင်​​တွေကို သိ​စေချင်​တယ်​။ အဲဒါမှ သူတို့​တွေ မိုင်းအသုံးပြုတာ​တွေ ​လျှော့လာမယ်​။ ပြီး​တော့ သူတို့ကိုယ်​တိုင်​ လူထုကို မိုင်းအသိပညာ​ပေးတာ​တွေ လုပ်​လာမယ်​"လို့ ​ပြောပါတယ်။ တအာင်း​ ကျောင်းသားတွေနဲ့ လူငယ်​အဖွဲ့အစည်းရဲ့ ၂၀၁၇ ခုနှစ်စာရင်းအရ မြေမြှုပ်မိုင်းကြောင့် ​ဒေသခံ ၄၃ ဦးထိခိုက်​ခဲ့ပြီး စာရင်းမရ​သေးတဲ့ လူဦး​ရေတွေလည်း ရှိ​နေ​ကြောင်း ​လွေး​အေး​ထွေးက ဆက်​​ပြောပါတယ်​။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ မိုင်းနဲ့ ​စစ်​ကျန်​​ပေါက်​ကွဲ​စေတတ်​တဲ့ ပစ္စည်းတွေကြောင့် ​သေဆုံးသူ​ ၃၃၇ ယောက်ရှိပြီး အများအပြားထိခိုက်​ဒဏ်​ရာရခဲ့​ကြောင်း အဲဒီထဲက ရှမ်းနဲ့ ကချင်​မှာ အများဆုံးဖြစ်ေ​ကြာင်း ယူနီဆက်​က ထုတ်​ပြန်​ထားပါတယ်​။ သတင်း - မိုင်းအနိုင်
3 years Ago
Up