ရှမ်းပြည်တပ်မတော်

December 25, 2018

မိုင်းပန်​မြို့နယ်တွင် RCSS ရှမ်းတပ်ဖွဲ့နှင့် ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်​နယ်​တောင်​ပိုင်း၊ မိုင်းပန်​မြို့နယ်​၊ နားမွန်း​ကျေးရွာအုပ်​စု၊ ​နောင်​ချို​ကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်​ဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ မနေ့​ည ၈ နာရီက တိုက်​ပွဲ ဖြစ်​ပွားခဲ့ပါတယ်​။ တိုက်ပွဲနဲ့ပတ်သက်လို့ အမည်​မ​ဖော်​လိုတဲ့ PNLA ဗိုလ်​မှူးတဦးက​ “ကျနော်တို့အဖွဲ့ ကင်းလှည့်တာ သူတို့နဲ့ ထိပ်​တိုက်​​တွေ့​တော့ တိုက်​ပွဲဖြစ်​တာ ၄၅ မိနစ်​ကြာ ဖြစ်​ပွားတယ်​။ ကျနော်​တို့ဘက်​က အကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်​ဆံ​ရေးရုံး တာဝန်​ခံ ဗိုလ်​မှူးကြီး စိုင်းဦးကို ဆက်​သွယ်​​မေးမြန်းရာ “အဲ့ဒါ ကျနော် မကြား​သေးဘူး။ မသိ​သေးဘူး” လို့ ပြန်​လည်​​ဖြေကြားခဲ့ပါတယ်​။ တိုက်ပွဲဖြစ်ပွားတဲ့ဒေသဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (အန်စီအေ) အရ ကြားနယ်​​မြေဖြစ်​ပြီး  ဘယ်​အဖွဲ့မဆို သွားလာလှုပ်​ရှားနိုင်တဲ့ နယ်​​မြေဖြစ်​​ကြောင်း သိရပါတယ်​။ ​ကောင်​တန်​​ဒေသမှာရှိတဲ့ ​နောင်​ချို​​ကျေးရွာဟာ ပအိုဝ်းတိုင်းရင်းသားတွေ အများစု ​နေထိုင်​ကြ​တဲ့ ကျေးရွာဖြစ်ပါတယ်​။ အစိုးရနဲ့ အန်စီအေ အပစ်ရပ်လက်​မှတ်​ ​ရေးထိုးထားတဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူ​​ထောင်ရေးအဖွဲ့နဲ့ ပအိုဝ်းအမျိုးသား​ လွတ်​​မြောက်​​ရေးအဖွဲ့ (PNLA) တို့ဟာ  ​အောက်​တိုဘာ​လကလည်း မိုင်းပန်​မြို့နယ်​ ပန်​ပီး​ဒေသမှာ တိုက်​ပွဲဖြစ်​ပွားခဲ့​ပါတယ်​။ ခွန်​ရာဇာ
3 years Ago

February 7, 2018

အန်အယ်လ်ဒီအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးမပေါက်သေးဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်ပြော

အန်အယ်လ်ဒီ ဦးဆောင်တဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေး အားသွန်ခွန်စိုက် လုပ်ဆောင်နေပေမယ့် ခရီးမပေါက်နိုင်သေးဘူးလို့ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းမှာ ခုလိုပြောကြားခဲ့တာဖြစ်ပြီး RCSS/SSA အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေး စတဲ့အဖွဲ့တွေ အားလုံးနဲ့  ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့တာ နှစ်ပေါင်း ၇၀ ရှိခဲ့ပေမယ့်လည်း ပြည်တွင်းစစ်ဖြစ်နေတာကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို မခံစားနိုင်သေးကြောင်း၊ ဒါကြောင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့လည်း RCSS က ကြေညာထားပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့မှာ မြန်မာအစိုးရ ကိုယ်စားလှယ်အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ၂ ဦး၊ အန်စီအေ လက်မှတ်ရေးထိုးထားကြတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အနက် ၇ ဖွဲ့မှ ကိုယ်စားလှယ်တွေ၊ ယူအန်အက်ဖ်စီ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့၊ မြောက်ပိုင်းမဟာမိတ်တပ်မှ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ ကိုယ်စားလှယ်တို့ တက်ရောက်ပြီး  သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။ အခမ်းအနားမှာ ရှမ်းပြည်တပ်မတော် စစ်သည်နဲ့ ရဲမေ ၁၀၀၀ ကျော်က ချီတက်စစ်ရေးပြပြီး ထူးချွန်စစ်သည်တွေကို ဆုပေးတာ၊ အမျိုးသားရေး လူမျိုးရေးတွေမှာ ထူးချွန်စွာဆောင်ရွက်ခဲ့တဲ့  လူမှုကူညီရေးအဖွဲ့၊ အနုပညာရှင်၊ တေးသံရှင်နဲ့ ပညာရည်ထူးချွန်ဆု ချီးမြှင့်ခဲ့သလို မကြာခင်က ထိုင်းနိုင်ငံ ပထုန်ဌာနီတက္ကသိုလ်မှ  အမ်အေဘွဲ့ရသူ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကို ဂုဏ်ပြုပွဲပါ ကျင်းပခဲ့ပါတယ်။
4 years Ago
More News
Up