ရှပ်နီ

A d v e r t i s e m e n t With Us

September 17, 2015

မလေးရှား ၀န်ကြီးချုပ်ကို ထောက်ခံသူများ ဆန္ဒပြ

မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ကို ထောက်ခံသူတွေဟာ ကွာလာလမ်ပူမြို့တော်မှာ စုရုံးပြီး စက်တင်ဘာ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ အရင်လက ၀န်ကြီးချုပ်ကို အဂတိလိုက်စားမှု စွဲချက်နဲ့ ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ဒီမိုကရေစီ လိုလားတဲ့ ဘာစီအုပ်စုကို တန်ပြန်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ရှပ်နီတွေလို့ သူတို့ကိုယ် သူတို့ခေါ်တဲ့ အုပ်စုက ထောင်သောင်းချီနေတဲ့ ထောက်ခံသူတွေနဲ့ အတူ လမ်းတွေပေါ် ချီတက်ကြမှာမို့ အကြမ်းဖက်မှုတွေဖြစ်မှာ စိုးရိမ်ပြီး မြို့တွင်း လမ်းအတော်များများမှာ ရဲတွေ အင်အား တိုးမြှင့်ထားရပါတယ်။ မလေးရှားနိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုံကြား တင်းမာမှုတွေ မြင့်လာမှာကို စိုးရိမ်နေပါတယ်။ လူဦးရေ သန်း ၃၀ နေထိုင်တဲ့ မလေးရှားနိုင်ငံမှာ မလေးလူမျိုးက ၆၀ ရာခိုင်နှုန်း၊ တရုတ်လူမျိုးက ၂၅ ရာခိုင်နှုန်းနဲ့ အိန္ဒိယလူမျိုး ၇ ရာခိုင်နှုန်း နေထိုင်ကြတာပါ။ မလေးလူမျိုးများနေ့ စီတန်းလှည့်လည်မှုရဲ့ လူမျိုးရေး လှုံ့ဆော်မှုကို စိုးရိမ်တာကြောင့် သြဇာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကလည်း စီတန်းလှည့်လည်ပွဲကို ဖျက်သိမ်းသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက ခွင့်ပြုချက်ပေးထားပြီး လက်ရှိအာဏာရ ညီညွတ်သော မလေးအမျိုးသား အစည်းအရုံး (ယူအမ်အန်အို) ခေါင်းဆောင်တချို့က ထောက်ပံ့ပေးခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကတော့ သူ့ပါတီဟာ ရှပ်နီ လှည့်လည်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောပေမယ့် လူအများအပြားကတော့ စီတန်းလှည့်လည်ပွဲဟာ ဝန်ကြီးချုပ်ကို ထောက်ခံကြောင်း ပြသမှုလို့ ရှုမြင်ပါတယ်။ ဝန်ကြီးချုပ်ဟာ နိုင်ငံပိုင် မလေးရှား ဖွံ့ဖြိုးရေးကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အကြွေးတင်အောင် အဂတိလိုက်စားပြီး ဘဏ္ဍာရေး တလွဲစီမံခန့်ခွဲခဲ့တယ်လို့ ဝေဖန်စွပ်စွဲခံနေရပါတယ်။
5 years Ago
Up