ရွန်းနီပြော

August 4, 2019

ကစားသမားဘဝအနားယူလျှင် မန်ယူတွင် နည်းပြလုပ်ချင်ကြောင်း ရွန်းနီပြော

ဘောလုံးသမားဘဝကနေ အနားယူတဲ့အချိန်ရာက်ရင် ယူနိုက်တက်ဆီ ပြန်လာပြီး နည်းပြလုပ်ချင်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်အချစ်တော် ကစားသမားဟောင်း ဝိန်းရူနီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  ဝိန်းရူနီရဲ့ ဇနီးကောလင်းရူနီကလည်း သူတို့ရဲ့သားသမီးတွေ အနာဂတ်ကိုယူကေမြေမှာ အခြေချစေချင်နေပြီး အင်္ဂလန်ကကျောင်းတွေမှာ ပညာသင်ကြားစေချင်တဲ့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။ ရူနီကတော့ ကစားသမားဘဝကနေ အနားယူချင်သေးပုံမပေါ်ဘဲ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နဲ့ ၂၀၂၀ မှာ ကုန်ဆုံးမယ့်စာချုပ်သက်တမ်းကို ထပ်တိုးဖို့လည်း ရှိနေပါတယ်။  ရူနီရဲ့အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ နစ်ကီဘတ်နဲ့ ကာရစ်တို့ကတော့ ယူနိုက်တက်မှာ နည်းပြစတင်ပြုလုပ်နေကြတဲ့အတွက် ရူနီကိုလည်း မန်ချက်စတာမြေဆီပြန်လာဖို့ မျှော်လင့်နေကြပါတယ်။  နောက်ပြီးတော့ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်တဦးအဖြစ် ကူညီပေးနိုင်ဖို့ လိုလားနေကြပါတယ်။
ကစားသမားဘဝအနားယူလွ်င္ မန္ယူတြင္ နည္းျပလုပ္ခ်င္ေၾကာင္း ႐ြန္းနီေျပာ DVB ေဘာလုံးသမားဘဝကေန အနားယူတဲ့အခ်ိန္ရာက္ရင္ ယူႏိုက္တက္ဆီ ျပန္လာၿပီး နည္းျပလုပ္ခ်င္တယ္လို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရိသတ္အခ်စ္ေတာ္ ကစားသမားေဟာင္း ဝိန္း႐ူနီက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဝိန္း႐ူနီရဲ႕ ဇနီးေကာလင္း႐ူနီကလည္း သူတို႔ရဲ႕သားသမီးေတြ အနာဂတ္ကိုယူေကေျမမွာ အေျခခ်ေစခ်င္ေနၿပီး အဂၤလန္ကေက်ာင္းေတြမွာ ပညာသင္ၾကားေစခ်င္တဲ့ ဆႏၵ ရွိေနတယ္လို႔ သိရပါတယ္။ ႐ူနီကေတာ့ ကစားသမားဘဝကေန အနားယူခ်င္ေသးပုံမေပၚဘဲ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္နဲ႔ ၂၀၂၀ မွာ ကုန္ဆုံးမယ့္စာခ်ဳပ္သက္တမ္းကို ထပ္တိုးဖို႔လည္း ရွိေနပါတယ္။ ႐ူနီရဲ႕အသင္းေဖာ္ေတြျဖစ္ခဲ့ၾကတဲ့ နစ္ကီဘတ္နဲ႔ ကာရစ္တို႔ကေတာ့ ယူႏိုက္တက္မွာ နည္းျပစတင္ျပဳလုပ္ေနၾကတဲ့အတြက္ ႐ူနီကိုလည္း မန္ခ်က္စတာေျမဆီျပန္လာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ေနာက္ၿပီးေတာ့ လက္ရွိနည္းျပ ဆိုးလ္ရွားရဲ႕ နည္းျပအဖြဲ႕ဝင္တဦးအျဖစ္ ကူညီေပးႏိုင္ဖို႔ လိုလားေနၾကပါတယ္။
2 years Ago
Up