ရွန်နီတိုက်တွန်း

May 18, 2020

ပေါ့ဘာကို နေရာပြောင်းကစားခွင့်ပေးရန် ရွန်နီတိုက်တွန်း

အိုလီဂန်နာဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို box အတွင်းမှာ ပိုပြီးလှုပ်ရှားခွင့်ပေးမယ်ဆိုရင် ဒီကစားသမားဟာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ အသင်းခေါင်းဆောင်ဟောင်း ရွန်နီက သုံးသပ်သွားခဲ့ပါတယ်။  ကမ္ဘာ့ဖလားဆုရှင် ပေါ့ဘာဟာ ဒဏ်ရာကြောင် ဒီရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက် အသင်းအတွက် ခုနစ်ပွဲသာကစားပေးထားရပေမယ့် အခုချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်  နေပြီဖြစ်ပါတယ်။  ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်ကို ပေါင် ၈၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့ ပြီးနောက် သူ့ရဲ့ကွင်းတွင်း စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါ တယ်။  ဒါပေမယ့် ရွန်နီကတော့ ပေါ့ဘာကို ချဲလ်ဆီးမှာ လမ်းပတ်ကစားသလိုမျိုး ကစားခွင့်ပေး လိုက်ရင် သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိလာလိမ့်မယ်လို့ပြောပါတယ်။  “ခင်ဗျားအနေနဲ့ တိုက်စစ်မှူးတယောက်ကိုဖြစ်ဖြစ်၊ ကွင်းလယ်လူတယောက်ကို ဖြစ်ဖြစ် ကွင်းအတွင်း ရင်ဆိုင်ရအခက်ဆုံးအရာတွေကို မေးမယ်ဆိုရင် သူတို့က ဘောလုံးနဲ့ ထွက်လာတဲ့ ဗဟိုနောက်ခံလူတဦးလို့ ဖြေကြပါလိမ့်မယ်” လို့ ရွန်းနီက The Times မှာ ရေးသားခဲ့ပါတယ်။  “နောက်တခုကို ပြောရမယ်ဆိုရင်တော့ ဖရန့်လမ်းပတ်လို ပုံစံမျိုးပေါ့။ ခင်ဗျားကို ကျော်ပြေးသွားမယ့် ကွင်းလယ်လူ။ ဘောလုံးကထွက်လာပြီ ဆိုရင်သူ box ထဲကို ပြေးဝင်လာပြီ။ ဒီလိုအချိန်မှာ ခင်ဗျားအသင်းရဲ့ ဗဟိုနောက်ခံလူတွေနဲ့ ဗဟိုကွင်းလယ်လူတွေကလည်း အလုပ်ရှုပ်သွားတတ်ပြီး အသင်းလိုက်အာရုံစူးစိုက်မှုတစ်ချက်လျော့သွားတာနဲ့ လမ်းပတ်လို ကစားသမားမျိုးက ဒီအခြေအနေမှာ ခင်ဗျားတို့ အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးတော့တာပါပဲ။”  ဒါ့ကြောင့် ပေါ့ဘာကို ပိုပြီးတော့ deep ဖြစ်ပြီး box ထဲမှာ ပိုလှုပ်ရှားခွင့်ရတဲ့ နေရာမှာ နေရာမှာ ချထားပြီး ပေးကစားစေလိုတယ်လို့ ရွန်းနီက မှတ်ချက်ပေးရေးသားသွားခဲ့ပါတယ်။ 
1 year Ago
Up