ရှန်ဟိုင်းမြို့နားတွင်

January 7, 2018

ရှန်ဟိုင်းမြို့နားတွင် ဆီတင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတိုက်၊ လူ ၃၂ ဦး ပျောက်ဆုံး

တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဇန်နဝါရီ ၆ ရက်နေ့ ညနေက ဆီတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘော တိုက်မိပြီး လူပေါင်း ၃၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အီရန်ဆီ ၁ သိန်း ၃ သောင်း ၆ ထောင် တန် သယ်ဆောင်လာတဲ့ ပနားမား ဆန်ချီဆီတင်သင်္ဘောကြီးက သင်္ဘော ၂ စီး တိုက်ပြီးနောက် မီးစွဲလောင်ခဲ့ပါတယ်။ ဆီတင်သင်္ဘောကြီးရဲ့ သဘောင်္သားတွေဖြစ်တဲ့ အိန္ဒိယလူမျိုး ၃၀ နဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုး ၂ ဦးတို့ ပျောက်ဆုံးနေတာလို့ တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပြီး ကုန္တင္သေဘာၤေပၚက သေဘာၤသား ၂၁ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ဆန်ချီသဘောင်္က မီးလောင်ကျွမ်းပြီး ပေါလောမျောနေတယ်၊ ပင်လယ်ပြင်မှာလည်း ရေနံတွေ ယိုဖိတ်နေတယ်၊ ကျနော်တို့ကတော့ ကယ်ဆယ်ရေးကို တိုးပြီး ဆက်လုပ်နေပါတယ်” လို့ ဝန်ကြီးဌာနက ပြောပါတယ်။ စီဂျီတီအန်က ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံမှာ ဆီတင်သင်္ဘောကနေ မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ရပြီး ရှန်ဟိုင်းကမ်းရိုးတန်းကနေ ၂၉၆ မိုင်အကွာမှာ သင်္ဘောတိုက်မှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းအတွက် တရုတ် သင်္ဘော ၈ စင်းကို ပို့ခဲ့တယ်လို့ တရုတ်တရားဝင်သတင်းဌာန ဆင်ဟွာက ပြောပြီး တောင်ကိုရီးယားကလည်း ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကမ်းခြေစောင့်သင်္ဘော တစီးနဲ့ ဟယ်လီကော်ပတာ တစီး ပို့ခဲ့ပါတယ်။ ဆီတင်သင်္ဘောက အီရန်နိုင်ငံ ခါ့ကျွန်းကနေ တောင်ကိုရီးယား ဒေးဆန်းမြို့ကို ခုတ်မောင်းလာတာလို့ ရိုက်တာသတင်းအရ သိရပြီး ဟောင်ကောင်ကုန်တင်သင်္ဘောကြီး စီအက်ခရစ်စတယ်လ်က ပြောင်း ၆ သောင်း ၄ ထောင် တန်ကို အမေရိကန်နိုင်ငံကနေ တရုတ်တောင်ပိုင်ဂွမ်ဒေါင်းခရိုင်ကို သယ်ဆောင်ခဲ့တာပါ။ ကုန်တင်သင်္ဘောကြီးက ကယ်ဆယ်နိုင်တဲ့ သင်္ဘောသားတွေအားလုံးက တရုတ်နိုင်ငံသားတွေလို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up