ရှန်ဟိုင်း

May 16, 2019

ရှန်ဟိုင်းတွင် အဆောက်အဦတခု ပြိုကျ၊ လူ ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့

တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ ဒီနေ့ အဆောက်အဦတခု ပြိုကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ လူ ၁၁ ယောက်ကို အသက်ရှင်ရက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ပြိုကျအဆောက်အဦအောက်မှာလည်း ဒီအရေအတွက်အတိုင်း ပိတ်မိနေနိုင်တယ်လို့ ယုံကြည်ရပါတယ်။ ချန်နင်းခရိုင်က အဆောက်အဦတခုဟာ မွမ်းမံပြင်ဆင်နေချိန် မနက်ခင်းမှာ ပြိုကျခဲ့ပြီး လူအယောက် ၂၀ ဝန်းကျင် ပိတ်မိနေတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဆောက်အဦ ပြိုကျရာနေရာမှာ ကယ်ဆယ်သမား ၁၅၀ ကျော် ရောက်နေပြီး ဘယ်လိုပြိုကျခဲ့လဲ ဆိုတာကိုတော့ မီးသတ်တပ်ဖွဲ့က မပြောကြားသေးပါဘူး။
2 years Ago
Up