ရှန်ဟိုင်း

July 22, 2018

တိုင်ဖုန်းမုန်တိုင်း အမ်ဖီလ် ရှန်ဟိုင်းသို့ ဝင်ရောက်နိုင်၊ လိမ္မော်ရောင်အဆင့်ထုတ်ပြန်

တိုင်ဖုန်းမုန်တိုင်း အမ်ဖီလ်ဟာ ရှန်ဟိုင်းကို အခုမွန်းလွဲပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နိုင်တယ်လို့ ရှန်ဟိုင်း မိုးလေဝသဗြူရိုက သတင်းထုတ်ပြန်ပါတယ်။ တိုင်ဖုန်းမုန်တိုင်း အမ်ဖီလ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဖီလစ်ပိုင်အရှေ့ပိုင်းကမ်းလွန်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ကိုးနာရီမှာ ရှန်ဟိုင်းမြို့ အရှေ့တောင်ဘက် ကမ်းလွန် ကီလိုမီတာ ၇ဝ မှာ တိုက်ခတ်နေတယ်လို့ ဗြူရိုက ပြောပါတယ်။ တိုင်ဖုန်းမုန်တိုင်းဟာ တစ်နာရီကို ၂၂ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ပိုင်းကို ရွေ့လျားနေပါတယ်။ ဒီကနေ့ မနက် ၈ နာရီမှာတော့ ရှန်ဟိုင်းမြို့တော် မိုးလေဝသအာဏာပိုင်တွေဟာ မိုးသက်မုန်တိုင်း ရွာသွန်းနိုင်တဲ့ အခြေအနေကို အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီသတိပေးချက်အဆင့်အရဆိုရင် တနာရီအတွင်း မိုးရေချိန်ဟာ ၃ဝ ကနေ ၅ဝ မီလီမီတာအထိ ရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့ထဲမှာ မုန်တိုင်းသတိပေးချက်အဆင့် လေးဆင့်ထဲက အဆင့်သုံးဖြစ်တဲ့ လိမ္မော်ရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ လူပေါင်း တသိန်းကိုးသောင်းနှစ်ထောင်ကျော်ကို စာသင်ကျော်ငးတွေ ခန်းမတွေဆီ အာဏာပိုင်တွေက ကြိုတင် ရွှေ့ပြောင်းပေးထားတယ်လို့ ရှန်ဟိုင်းဒေးလီး သတင်းမှာ ဖော်ပြပါတယ်။
3 years Ago

July 16, 2018

ရှန်ဟိုင်းကမ်းလွန်တွင် ကုန်သင်္ဘောတစီးနစ်မြုပ်၊ အမှုထမ်း ၁ဝ ဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံ ရှန်ဟိုင်းကမ်းလွန်မှာ ဇူလိုင် ၁၅ ရက်နေ့က ကုန်သင်္ဘောတစီး နစ်မြုပ်ခဲ့ပြီး သင်္ဘောအမှုထမ်း ၁ဝ ဦး ပျောက်ဆုံးနေပါတယ်။ အဲဒီကုန်သင်္ဘောဟာ တခြား သင်္ဘောတစီးနဲ့ တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ရေငုပ်သမားတွေဟာ ပျောက်ဆုံးသင်္ဘောသားတွေကို အချိန်လုပြီး ရှာဖွေနေပါတယ်။ ဒီကနေ့မနက်မှာတော့ သူတို့ဟာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောကိုယ်ထည်နဲ့ ကုန်းပတ်တို့ကို ရှာတွေ့ခဲ့ပေမယ့် ပျောက်ဆုံးသင်္ဘောသားတွေကို မတွေ့ခဲ့ပါဘူး။ ဒါ့အပြင် ရေအောက်မြင်နိုင်စွမ်း နိမ့်ကျတာကြောင့် ရှာဖွေရေးဟာ ခါတိုင်းထက် နောက်ကျပြီးမှ ပြီးဆုံးခဲ့ပါတယ်။ ရေငုပ်သမားတွေ အဆိုအရ အဲဒီကုန်သင်္ဘောဟာ ရေအနက် မီတာ ၂ဝ ပင်လယ်ကြမ်းပြင်မှာ ထောင်လျက်အနေအထား တည်ရှိနေတယ်လို့ စီစီတီဗွီသတင်းအရ သိရပါတယ်။
3 years Ago
Up