ရှည်လျားသည့် လက်သည်းများဖြင့် အမျိုးသမီးအုပ်စု ကပွဲပါတီကျင်းပသည့်ရုပ်သံ ရေပန်းစား

February 7, 2017

ရှည်လျားသည့် လက်သည်းများဖြင့် အမျိုးသမီးအုပ်စု ကပွဲပါတီကျင်းပသည့်ရုပ်သံ ရေပန်းစား (ရုပ်သံ)

သာမန်ထက် ထူးကဲရှည်လျားတဲ့ လက်သည်းရှည်တွေနဲ့ ကပွဲပါတီကျင်းပကြတဲ့ အမျိုးသမီးအုပ်စုတစုရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ သူတို့ဟာ အရှည် ၃ ပေအနည်းဆုံးရှိမယ့် ကွေးကောက်တဲ့ လက်သည်းရှည်တွေနဲ့အတူ သီချင်းသံတွေကြားမှာ ကခုန်နေခဲ့ကြတာကို တွေ့ရပါတယ်။ တချို့ အင်တာနက်အသုံးပြုသူတွေကတော့ ဒါတွေဟာ ခွေးသွားစိတ်တွေလိုပဲ အော်ဂလီဆန်စရာကောင်းတယ်လို့ ဝေဖန်နေခဲ့ကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို လိုက်ဖ်လိခ် အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ခုလို လက်သည်းအရှည်တွေထားတာဟာ ဖက်ရှင်တခုလားဆိုတာကို ဝေဖန်စရာ ဖြစ်နေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ရဲ့ အောက်မှာတော့ ရာနဲ့ချီတဲ့ မှတ်ချက်တွေကို တွေ့ရပြီး တချို့က “ခုလို လက်သည်းရှည်တွေနဲ့ ရေအိမ်အသုံးပြုမယ့်အချိန်မှာ ဘယ်လိုဖြစ်နေလိမ့်မလဲ” လို့ မေးခွန်းထုတ်ခဲ့ကြကာ တကယ့်ကို ရူးနှမ်းတဲ့ အမျိုးသမီးတွေလို့ ဝေဖန်မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။
4 years Ago
Up