ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်ပြတိုက်အတွက် မြေနေရာချပေး

July 10, 2018

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်ပြတိုက်အတွက် မြေနေရာချပေး

နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်ပြတိုက်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာချထားပေးလိုက်ပြီဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကပြောပါတယ်။ ပြတိုက်အတွက် မြေနေရာကို ရန်ကုန်မြို့ ပါရမီလမ်းပေါ်မှာ နေရာချပေးထားတာဖြစ်ပြီး မြေနေရာအတွက် ပြတိုက်ဖြစ်မြောက်ရေးကော်မတီက ငွေကြေးပေးသွင်းပြီးပါက အကောင် အထည်ဖော်သွားမယ်လို့လည်း ဦးမြအေးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရှစ်လေးလုံးအထိမ်းအမှတ် ပြတိုက်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ယာယီဖွင့်လှစ်ထားပါတယ်။ ရှစ်လေးလုံးသမိုင်းပြတိုက်ကို လာမယ့် ၂၀၁၈ခုနှစ် သြဂုတ်လမှာ ကျရောက်မယ့် ၈၈၈၈ လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနား မတိုင်ခင်တည်ဆောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း မီဒီယာတွေကို ပြောကြားထားပါတယ်။
3 years Ago
Up