ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းရန် လျှောက်ထား

July 9, 2018

ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းရန် လျှောက်ထား

ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်သူ့ပါတီအနေနဲ့ အမည်ပြောင်းလဲကာ ခွင့်ပြုမိန့်ရရှိဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့က လျှောက်ထားလိုက် ပါတယ်။ အမည်ပြောင်းလဲလျှောက်ထားဖို့အတွက် ဇွန်လ ၂၄ ရက်က ရန်ကုန်နဲ့ မန္တလေးမြို့က ပါတီရုံးချုပ်မှာ စုံညီအစည်းဝေးတွေ ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ဒီကနေ့မှာ နာမည် ပြောင်းလဲဖို့ လာရောက် လျှောက်ထားတာဖြစ်တယ်လို့ ပါတီ ဒုတိယ ခေါင်းဆောင် ဦးရဲနိုင်အောင် က ပြောပါတယ်။ “အခုလဲ ရွေးကောက်ပွဲကော်မရှင်မှာ ကျနော်တို့ ပြည်သူ့ပါတီဆိုတဲ့ အမည်နဲ့ ခွင့်ပြုပြီးသား သို့မဟုတ် လျှောက်ထားဆဲရှိမရှိ ဆိုတဲ့အချက်ကို ကျနော်တို့ မေးတယ်။ ပြည်သူ့ပါတီ ဆိုပြီးတော့ တိုက်ရိုက် အမည်တူတာ ခွင့်ပြုပြီးသားမရှိဘူး လျှောက်ထားဆဲလဲ မရှိဘူး ဖြစ်တဲ့အတွက် ဒီတကြိမ်မှာတော့ ကျနော်တို့ သက်မှတ်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဒီလလောက်အတွင်းမှာ ဖြစ်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်” အခု ပြောင်းလဲလျှောက်ထားတဲ့ ပါတီရဲ့ နာမည်နဲ့ အလံ အမှတ်တံဆိပ်ကိုတော့ ဒီလအတွင်းမှာပဲ ခွင့်ပြုမိန့်ရရှိ နိုင်တယ်လို့ မျှော်လင့်ကြောင်းကိုလည်း ဦးရဲနိုင်အောင်က ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ ရှစ်လေးလုံးပါတီဆိုပြီး လျှောက်ခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့ တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ထပ်မံလျှောက်ခဲ့ပါသေးတယ်။ အဲ့ဒီလျှောက်ထားမှုမှာလဲ ခွင့်ပြုမိန့်မရရှိခဲ့တာကြောင့် နောက်ဆုံး ပြည်သူ့ပါတီ အနေနဲ့ အခု ထပ်မံလျှောက်ခဲ့တာဖြစ်ပါတယ်။
3 years Ago
Up