ရှင်းလင်း

January 21, 2018

အကြမ်းဖက်တိုက်ခိုက်ခံနေရသည့် ဟိုတယ်ကို အထူးတပ်ဖွဲ့ ရှင်းလင်း

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က  အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ ဟိုတယ်မှာ အထူးတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းနေသလို ဟိုတယ်မှာ တည်းခိုနေသူတွေဟာလည်း လိုက်ကာတွေ အိပ်ယာခင်းတွေကိုသုံးပြီး ဟိုတယ်ကနေ လွတ်မြောက်အောင် ကြိုးပမ်းနေရပါတယ်။ အာဖရန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က Intercontinental ဟိုတယ်အကြမ်းဖက် တိုက်ခိုက်မှုဟာ  ဇန်ဝါရီ ၂၀ ရက် စနေနေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး  ဇန်နဝါရီ ၂၁​ ရက် တနင်္ဂနွေနေ့အထိ အာဖဂန်အထူးတပ်ဖွဲ့က လက်ကျန်အကြမ်းဖက်သမားတွေကို  ဟိုတယ် တထပ်ပြီးတထပ် တိုက်ခိုက်ရှင်းလင်းနေတာဖြစ်ပါတယ်။ အခုချိန်ထိ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ်ဒန်းနစ်ရှ် ကပြောကြားပါတယ်။ အခုတိုက်ခိုက်မှုမဖြစ်ခင် ရက်ပိုင်းအလိုက ကဘူးမြို့တော်က ဟိုတယ်တွေကို အကြမ်းဖက် တိုက်ခိုက်နိုင်ငံခြေရှိတယ်လို့ အမေရိကန်သံရုံးက သတိပေးခဲ့ပါသေးတယ်။ အခုအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ လက်သည်တရားခံဘယ်သူဆိုတာကို  အခုချိန်ထိ ဘယ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။ “ကျနော်တို့ လူ ၁၀၀ ကျော်ကို ကယ်တင်ထားပါတယ်။ အဲဒီလူတွေထဲမှာ ၁၆ ယောက်က နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ထဲမှာ ၈ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့ကို လုံခြုံတဲ့နေရာကို ပို့ထားပါတယ်။ အခုလောလောဆယ် ရှာဖွေ၊ ရှင်းလင်းရေးလုပ်ငန်းတွေကို ဟိုတယ်ရဲ့ ၆ လွှာမှာလုပ်နေပါတယ်။ ကနဦးရရှိတဲ့ သတင်းအရ  လူ ၅ ဦးထိသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားပါတယ်” လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ် ဒန်းနစ်ရှ် ကပြောကြားသွားတာ ဖြစ်ပါတယ်။
4 years Ago

September 22, 2017

ကျောက်စိမ်းတွေ့ရှိသဖြင့် ဖမ်းဆီးခံရမှု တရားမျှတမှုမရှိကြောင်း နန်စီပွန်ရွာသားများ ရှင်းလင်း

ကျောက်စိမ်းတုံးတွေ့ရှိမှုနဲ့ တရားစွဲအရေးယူခံထားရတာဟာ တရားမျှတမှုမရှိတဲ့အကြောင်း စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာသားတွေနဲ့ ဖမ်းဆီးခံမိသားစုတွေက ခန္တီးမြို့ မြို့မကျောင်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ နန်စီပွန်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောက်စိမ်းဈေးသည်တချို့ကို မူးယစ်ဆေးဝါး သတင်းအရ စက်တင်ဘာ(၁၇)ရက်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ နေအိမ်မှာ ကျောက်စိမ်းအရိုင်းတုန်းတွေ တွေ့ရှိခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၁၁ဦးကို ကျောက်မျက်ဥပဒေနဲ့ အရေးယူခဲ့တာပါ။ အဆိုပါဖမ်းဆီးရမှုမှာ ငွေ သိန်း ၉၇၅ သိန်းအပါအဝင် ကျောက်စိမ်းအရိုင်းတုံး ၇၇၅ တုံးကို သိမ်းဆည်းခံခဲ့ရပါတယ်။   ခန္တီးမြို့နယ် နန်းစီပွန်ဒေသဟာ ရတနာမြေဖြစ်တဲ့အတွက် အခုလို ကျောက်စိမ်းတွေ့လို့ ဖမ်းဆီးတာဟာ မတရားလုပ်တယ်လို့ မြင်ကြောင်း ခန္တီးဒေသခံတွေက ဝေဖန်ပါတယ်။ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ရွာသားတွေက ခန္တီးမြို့ တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းက တားဆီးခဲ့တာကြောင့် ကျင်းပခွင့်မရရှိခဲ့ပါဘူး။ သတင်းဓာတ်ပုံ-အောင်အောင်
4 years Ago
More News
Up