ရှင်ဇိုအဘေး

A d v e r t i s e m e n t With Us

September 17, 2015

ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး တိုကျိုတွင် ဆက်လက်ဆန္ဒပြ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးကို နုတ်ထွက်ပေးဖို့ တိုကျိုမြို့တော်မှာ ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ လုံခြုံရေးဥပဒေမူကြမ်းကို ဆန့်ကျင်ကန့်ကွက်တဲ့ လူရာပေါင်းများစွာဟာ ၀န်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ ရက်ဆက် တောင်းဆိုနေကြတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ဆန္ဒပြပွဲမှာ လူ ၁၀၀၀ ကနေ ၁၅၀၀ အထိ ပါဝင်မယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ဖွဲ့စည်းပုံနဲ့ မကိုက်ညီတဲ့ ဥပဒေကြမ်းကို ဖျက်သိမ်းပေးပါလို့ တောင်းဆိုထားတဲ့ နဖူးစီး စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတာပါ။ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း လွှတ်တော်ရှေ့မှာ လူအယောက် ၁၀၀၀၀ လောက် စုရုံး ဆန္ဒပြခဲ့သလို စက်တင်ဘာ ၁၄ ရက်နေ့ ဆန္ဒပြပွဲတုန်းက ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြပွဲတွေ အပတ်စဉ် လုပ်နေပေမယ့် ဂျပန်အစိုးရကတော့ စက်တင်ဘာ ၂၇ ရက် လွှတ်တော်မရပ်နားမီ အတည်ပြုချင်နေပြီး ဒီသီတင်းပတ်ထဲ အထက်လွှတ်တော်မှာ မဲပေးဖို့ မျှော်လင့်ထားပါတယ်။ အာဏာရပါတီဟာ အထက်လွှတ်တော်မှာ လူများစု ရထားပေမယ့် အတိုက်အခံ ပါတီတွေက နည်းလမ်းအားလုံးကို သုံးပြီး ကန့်ကွက်မယ်လို့ ကတိပြုထားပါတယ်။
5 years Ago
Up