ရွက်လှေ ၄ စီး

October 1, 2020

စပိန်တွင် ရွက်လှေ ၄ စီးပေါ်က တန် ၃၀ ရှိ ဆေးခြောက်များ ဖမ်းမိ

ရွက်လှေ ၄ စီးပေါ်မှာ ဝှက်ထားတဲ့ ဆေးခြောက်တန်ချိန် ၃၀ ကို စပိန်တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ပင်လယ်ပြင်မှာ မူးယစ်ဆေးပမာဏ အကြီးဆုံး ဖမ်းမိတာပဲလို့ ဒေသန္တရ အာဏာပိုင်တွေက စက်တင်ဘာ ၃၀ မှာ ပြောလိုက်ပါတယ်။ စီးနင်းမှုအတွင်း ဘူဂေးလ်ရီးယားနိုင်ငံသားနဲ့ ရုရှားနိုင်ငံသား ၉ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ “ဘူလ်ဂေးရီးယား ရာဇဝတ်ဂိုဏ်းထိပ်တန်းခေါင်းဆောင်ရဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်ကို ဇိမ်ခံရွက်လှေပေါ် မူးယစ်ကုန်ကူးမှုက ပြလိုက်တာပဲ။ ကပ်ဘေးကို အခွင့်ကောင်း ယူတာ ဒါမှမဟုတ် လမ်းကြောင်းသစ် ထွက်လာတာကို ဟန့်တားတာပဲ” လို့ ရဲနဲ့ အကောက်ခွန် အာဏာပိုင်တွေက ကြေညာချက်ထဲမှာ ပြောပါတယ်။  ဒီနှစ်အစောပိုင်းမှာ ဘယ်လေယားရစ်ခ် ကျွန်းတွေနားမှာ ဒီရာဇဝတ်ဂိုဏ်းဆီက ရွက်လှေ ၂ စီးကနေ ဆေးခြောက် ၄ ဒသမ ၆ တန်ကို သိမ်းဆည်းရမိခဲ့သေးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
7 months Ago
Up