ရှက်တာဒိုးနပ်စ်

December 9, 2015

ချန်ပီယံလိဂ်ပွဲစဉ် ရီးရဲလ် ၈ - ၀ မာမို၊ ပီအက်စ်ဂျီ ၂ - ၀ ရှက်တာဒိုးနပ်စ် (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၈ ရက်က ကစားသွားတဲ့ ချန်ပီယံလိဂ် အုပ်စု အေ ပွဲစဉ်မှာ စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းက ဆွီဒင်ကလပ် မာမိုအသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီရလဒ်က ၂၀၀၇ ခုနှစ် လီဗာပူးအသင်းကို ရီးရဲလ် လက်ရှိမန်နေဂျာ ဘန်နီတပ်ဇ် တာဝန်ယူနေစဉ် ဘာဆီတပ်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ ရလဒ်နဲ့ ထပ်တူဖြစ်တဲ့အတွက် ဂိုးအများဆုံးသွင်းတဲ့ ပွဲတပွဲအဖြစ် စာရင်းဝင်သွားပါတယ်။ ရီးရဲလ်အတွက် ရော်နယ်ဒိုက ၄ ဂိုး၊ ဘန်ဇီမာက ၃ ဂိုးနဲ့ ဂိုဗက်စီက ၁ ဂိုး သွင်းယူသွားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၁၀ ဂိုးကျော်သွင်းယူသွားတဲ့ ကစားသမားအဖြစ် ရော်နယ်ဒိုက စာရင်းဝင်သွားပြီး ၆ ပွဲမှာ ၁၁ ဂိုး သွင်းယူထားပါတယ်။ အုပ်စုပွဲစဉ်တွေ အပြီးမှာ ရီးရဲလ်အသင်းက ၆ ပွဲကစား ၁၆ မှတ်နဲ့ အုပ်စု ပထမရပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီအုပ်စုရဲ့ တခြားပွဲစဉ်အဖြစ် ပြင်သစ်လိဂ်က ပီအက်စ်ဂျီနဲ့ ရှက်တာဒိုးနပ်စ်တို့ပွဲမှာ ပီအက်စ်ဂျီက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအတွက် ပီအက်စ်ဂျီအသင်းက ၆ ပွဲကစား ၁၃ မှတ်၊ အုပ်စု ဒုတိယနဲ့ ဒုတိယအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရှက်တာဒိုးနပ်စ်အသင်းကတော့ အုပ်စုတတိယရလို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up