ချန်ပီယံလိဂ် အုပ်စု (အေ) ပွဲစဉ်မှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်က ရှက်တာဒိုးနက်ခ်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နိုဝင်ဘာ ၂၅ ရက်ညက အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၁၈ မိနစ်မှာ ရော်နယ်ဒို၊ ဒုတိယဂိုးကို မိနစ် ၅၀ မှာ ကွင်းလယ်သမား မိုဒရစ်က သွင်းယူပေးခဲ့ပါတယ်။
ရီးရဲလ်က ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
ရီးရဲလ်အတွက် တတိယဂိုးကို ၅၂ မိနစ်မှာ ကာဗာရေ၊ စတုတ္ထဂိုးကို မိနစ် ၇၀ မှာ ရော်နယ်ဒိုက သွင်းယူပါတယ်။
ရှက်တာဒိုးနက်ခ်က ဒုတိယပိုင်း ပြီးကာနီးမှာ ကစားပုံ ပိုကောင်းလာပြီး ချေပဂိုး ၃ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အရှုံးပေးလိုက်ရပါတယ်။
ဒီပွဲနိုင်တဲ့ ရီးရဲလ်က အုပ်စုတွင်းမှာ ၁၃ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ရှက်တာဒိုးနက်ခ်ကတော့ လက်ကျန်တပွဲ ကျန်ပေမယ့်လည်း မျှော်လင့်ချက် မရှိတော့ဘဲ အုပ်စုအဆင့်ကနေ နှုတ်ဆက်သွားရပါတယ်။
7 years Ago