ရှက်တာဒိုးနပ်စ်နှင့် ဆီဗီးလားတို့ အဝေးကွင်းတွင် အနိုင်ရ

A d v e r t i s e m e n t With Us

April 8, 2016

ရှက်တာဒိုးနပ်စ်နှင့် ဆီဗီးလားတို့ အဝေးကွင်းတွင် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၈ ရက်က ကစားသွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေမှာတော့ စပိန် လာလီဂါကလပ် ဆီဗီးလားနဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနပ်စ်တို့ အနိုင်ရရှိသွားပါတယ်။ ဆီဗီးလားကတော့ စပိန်လာလီဂါကပဲ အက်သလက်တစ်ဘီလ်ဘာအိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်း ၄၈ မိနစ်မှာ ဘီလ်ဘာအိုက အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ၅၆ မိနစ်မှာ ဆီဗီးလားက ပြန်လည်ချေပခဲ့ပြီး ၈၃ မိနစ်မှာ အနိုင်ဂိုး သွင်းယူသွားပါတယ်။
ရှက်တာဒိုးနပ်စ်ကတော့ အဝေးကွင်းမှာ ပေါ်တူဂီကလပ် စပို့တင်း ဘရာဂါကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၄၅ မိနစ်မှာ ရှက်တာဒိုးနပ်စ်က ပထမဂိုး သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၅ မိနစ်မှာ ရှက်တာဒိုးနပ်စ်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ၈၉ မိနစ်မှာတော့ ဘရာဂါက နှစ်သိမ့်ချေပဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားတဲ့ပွဲမှာ ဆီဗီးလားနဲ့ ရှက်တာဒိုးနပ်စ်တို့ အနိုင်ရရှိခဲ့လို့ ဒုတိယအဆင့်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းသွားပြီ ဖြစ်ပါတယ်။
5 years Ago
Up