ဆွမ်ဆီးအသင်းဟာ မန်ယူအသင်း လက်ထောက်နည်းပြဟောင်း ရွိုင်ယန်ဂစ်ကို နည်းပြအဖြစ်ခန်အပ်ဖို့ စီစဉ်နေပါတယ်။
ရွိုင်ယန်ဂစ်ဟာ မန်ယူအသင်းကို နည်းပြမော်ရင်ဟိုရောက်လာတဲ့အချိန်မှာ အသင်းကနေ ထွက်ခွာသွား တာဖြစ်ပြီး နည်းပြလောကထဲကို ပြန်ဝင်လာဖို့ စိတ်အားထန်နေတယ်လို့ သိရပါတယ်။
ဆွမ်ဆီးအသင်းဟာ လက်ရှိနည်းပြ ဂူဒိုလင်ရဲ့ စွမ်းဆောင်ရည်ကိုကြိုက်နှစ်သက်ခြင်း မရှိတာကြောင့် ထုတ်ပယ်ရန်ပြင်ဆင်နေပြီး ရွိုင်ယန် ဂစ်နဲ့အစားထိုးခန့်အပ်လိုနေတာပါ။
မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်ဟာ ၂၀၁၄ ခုနှစ်က ဒေးဗစ်မိုယက်ကို မန်ယူအသင်းက ထုတ်ပယ်တဲ့အချိန်မှာ ယာယီနည်းပြအဖြစ် ၄ ပွဲတာဝန်ယူကိုယ်တွယ်ခဲ့ပြီး ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရူံး ရလဒ်ရရှိခဲ့ပါတယ်။
ဆွမ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်၅ပွဲကစားပြီးချိန်မှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပြီး အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
4 years Ago