ရွာသားများသေကျေအောင် အိုင်အက်စ်ထောင်ထားသည့် ထောင်ချောက်များကို တွေ့ရှိ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 27, 2016

ရွာသားများသေကျေအောင် အိုင်အက်စ်ထောင်ထားသည့် ထောင်ချောက်များကို တွေ့ရှိ (ရုပ်သံ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့စွန်က ရွာတရွာကို  ပြန်လာတဲ့ ရွာသားတွေဟာ သေကျေဒဏ်ရာရအောင် ထောင်ထားတဲ့ ထောင်ချောက်တွေ ရှိတဲ့ ဥမင်တခုနဲ့ ပျက်စီးနေတဲ့ အိမ် အများစုကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။ အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ စစ်သွေးကြွတွေ လက်ထဲကနေ ဒီရွာကို သိမ်းပိုက်အပြီး ရွာခံတွေ ပြန်လာချိန်မှာ ခုလို တွေ့ရတာလို့ ရွာသား အာဘတ်စ် အာမက်က ပြောပါတယ်။ အီရတ်နဲ့ ကာဒစ်ရှ် တပ်တွေဟာ မိုဆူးလ်မြို့စွန်က ရှိတ်ခ်အာမီယာရွာ အပါအဝင် ရွာပေါင်း ၂၀ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ လူ ၁ သန်းခွဲဟာ လက်ရှိမှာ မိုဆူးလ်မြို့ထဲမှာ နေထိုင်ဆဲလို့ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်မှု အဖွဲ့အစည်း (အိုင်အိုအမ်) က ပြောပါတယ်။ တကယ်လို့ ဘာသာရေး စစ်ဝါဒီတွေက ဓာတုပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ရင် ကာကွယ်ဖို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ကြိုတင် ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ အိုင်အက်စ် တွေဟာ အီရတ်အစိုးရ ကာဒစ်ရှ်စစ်တပ်ကို အရင်က ဒါမျိုး လက်နက်နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ အရပ်သားတွေဟာ ဖိအားပေး နှင်ထုတ်ခံရနိုင်သလို တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေနိုင်တယ်၊ ဒါမှမဟုတ် လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်တယ်လို့ အိုင်အိုအမ် က ပြောဆို သတိပေးပါတယ်။ မိုဆူးလ်မြို့ ကျဆုံးမှုဟာ အီရတ်ကနေ အစွန်းရောက် အမာခံ ဆွန်နီဘာသာရေး စစ်ဝါဒီတွေကို နှိမ်နင်းနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆက်ဒမ်ဟူစိန် ကျဆုံးအပြီး အချင်းချင်း တိုက်နေတဲ့ အုပ်စုတွေကြား မြေသိမ်းတာနဲ့ လူမျိုးရေး သွေးချောင်းစီးတာတွေဆီကို ဦးတည်စေ နိုင်တယ်လို့ အကဲခတ်သူတွေက သုံးသပ်နေပါတယ်။
4 years Ago
Up