ရွန်းနီ ပြော

July 16, 2017

လူကာကူအနေဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ရန်လိုကြောင်း ရွန်းနီ ပြော

လူကာကူအနေနဲ့ မန်ယူအသင်းမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုအပ်လိမ့်မယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အောင်မြင်မှုတွေကိုအလိုရှိတဲ့ အသင်းဖြစ်တာကြောင့် လူ ကာကူအနေနဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရဖို့ရှိပေမယ့် ကျော်ဖြတ်နိုင်တဲ့ အခြေအနေ မှာရှိတယ်လို့ ရွန်းနီက ဆိုပါတယ်။ မန်ယူအသင်းမှာ ကစားမယ့်ကစားသမားတစ်ဦးဟာ အရည်အချင်း စမ်းသပ်ခံရမှာဖြစ်ပြီး ဒီလိုစမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့လိုတယ်လို့ ရွန်နီက ဆိုပါတယ်။ လူကာကူအနေနဲ့ ဒီလိုစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ရင်တော့ မန်ယူအသင်းမှာ အောင်မြင်မှုရမှာဖြစ်ပြီး ဒါတွေကို စိုးရိမ်ပြီး ဖိအားရှိနေရင်တော့ အောင်မြင်မှုရဖို့ ခက်ခဲလိမ့်မယ်လို့လည်း ရွန်နီကဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို မန်ယူအသင်းက ကနဦးပေါင် ၇၅ သန်းပေးကာ ခေါ်ယူခဲ့တာပါ။ အသင်းခေါင်းဆောင် ရွန်းနီကိုတော့ အဲဗာတန် အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့တာပါ။ လူကာကူဟာ ဇူလိုင်လိုင် ၁၆ ရက်က ယှဉ်ပြိုင်က စားခဲ့တဲ့ အယ်အေဂလက်ဇီနဲ့ ပွဲမှာ မန်ယူအသင်းအတွက် ပထမဦးဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး ၅ ဂိုး၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဂိုး သွင်းယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
5 years Ago
Up