လက်စတာနဲ့ပွဲမှာ ရွန်းနီကို ပွဲထွက်လူစာရင်းကနေ ချပ်လှပ်ခဲ့တာဟာ လျင်မြန်တဲ့ ကစားသမားတွေကို အသုံးပြုချင်တာကြောင့် ဖြစ်တယ်လို့ မန်ယူနည်းပြမော်ရင်ဟိုက ပြောပါတယ်။
လက်စတာအသင်းလို လျင်မြန်တဲ့ကစားပုံရှိတဲ့ အသင်းနဲ့ရင်ဆိုင်ရာမှာ လျင်မြန်တဲ့ ကစားသမားနှစ်ဦးလောက် အသုံးပြုဖို့လိုပြီး တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ပံ့ပိုးကူညီနိုင်ဖို့အတွက် မြန်နှုန်းမြင့်တဲ့ကစားသမားတွေကို ပွဲထွက်စေခဲ့တာလို့ မော်ရင်ဟိုကဆို ပါတယ်။
မန်ယူအသင်းဟာ ရွန်နီရဲ့နေရာမှာ မာတာကို ပွဲထွက်စေခဲ့ပြီး လင်ဂတ်၊ ရက်ဒ်ဖို့ဒ်တို့လို လျင်မြန်မှုရှိတဲ့ ကစားသမားတွေ အသုံးပြုခဲ့ပြီး လက်စတာအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့အနိုင်ယူခဲ့တာပါ။
လက်စတာနဲ့ပွဲမှာ ရွန်းနီးကိုပွဲထွက် အသုံးမပြုခဲ့ပေမယ့် ရွန်းနီးဟာ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ရွန်းနီးရဲ့ ခြေစွမ်းကိုလည်း ယုံကြည်မှုရှိတယ်လို့ မော်ရင်ဟိုကပြောပါတယ်။
4 years Ago