မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူအသင်းဟာ နောက်ကနေ လိုက်ကစားပြီးမှ တိုက်စစ်မှူး ရွန်နီ သွင်းတဲ့ဂိုးနဲ့ စတုတ်စီးတီးအသင်းနဲ့ သရေကျ သွားပါတယ်။
စတုတ်အတွက် ဦးဆောင်ဂိုးကို ၁၉ မိနစ်မှာ မန်ယူ ကွင်းလယ်သမား မာတာ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။
မန်ယူက ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် ၂၅ ကြိမ်အထိ ရခဲ့ပါတယ်။
စတုတ် ဂိုးသမား ဂရန့် လက်စွမ်းပြ ကာကွယ်နိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
မန်ယူအတွက် ချေပဂိုးကိုတော့ ၆၇ မိနစ်မှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ရွန်နီက ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူပါတယ်။
ဒီဂိုးဟာ ရွန်နီအတွက် ဂိုးပေါင်း ၂၅၀ မြောက် ဖြစ်ပြီး အသင်းမှာ ဆာဘော်ဘီချာတန် တင်ထားတဲ့ စံချိန်ထက် ၁ ဂိုးသာ သွားပါတယ်။
ဒီပွဲ သရေကျလို့ မန်ယူက ၄၁ မှတ်နဲ့ အဆင့် ၆၊ စတုတ်က ၂၈ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။
4 years Ago