သြဂုတ် ၁၄ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက ဘုန်းမောက်ကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအတွက် ဦးဆောင်ဂိုးကို တဘက်နောက်ခံလူ အမှားကနေ ကွင်းလယ်ကစားသမား မာတာက မိနစ် ၄၀ မှာ သွင်းယူပါတယ်။
ဒီပွဲမှာ မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှုသာသလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။
ဒုတိယဂိုးကို ရွန်နီက ၅၉ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူပါတယ်။
ဘုန်းမောက်အသင်းက ဂိုးတွေပေးရပေမယ့်လည်း မန်ယူကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
တတိယဂိုးကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ၆၄ မိနစ်မှာ အဝေးကစ်ကနေ အမှတ်မထင် ကန်သွင်းယူပါတယ်။
မန်ယူက ၃ ဂိုးအသာနဲ့ ဦးဆောင်ပေမယ့်လည်း ဘုန်းမောက် ကစားအား ကျမသွားဘဲ ချေပဂိုး ၁ ဂိုးကို မန်ယူနောက်ခံလူတွေ ကြားထဲကနေ ထိုးဖောက် သွင်းယူပါတယ်။
ပွဲဦးထွက်မှာ အနိုင်ရလို့ မန်ယူနည်းပြသစ် မော်ရင်ဟိုအတွက်လည်း စိတ်သက်သာရာ ရခဲ့ပါတယ်။
5 years Ago